Sunday 30 September 2012

VLC Player

Internet မှာ Download ချထားတဲ့ video file လေးတွေကိုကြည့်လို့အကောင်းဆုံး player လေးပါ...
မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်...
အဆင်ပြေကြပါစေခင်ဗျာ...

Friday 28 September 2012

ဆေးဖက်ဝင် သင်္ဘောရွက်


သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံးသည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီး မသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။
အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။ အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။

၃၈ဖြာမင်္ဂလာ(၁၉)

( ၁၉ ) မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း
မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခ ဆရာကြီးတစ်ဦး ရှိသည်။ သူသည် ပညာလည်းရှိသည်။ အကျင့်သီလလည်း ကောင်းသည်။ သူ့ထံသို့ အမျိုးကောင်းသား လုလင်များစွာတို့သည် လာရောက် အတတ်သင်ကြသည်။ ဆရာကြီးတွင် လှပယဉ်ကျေးသော သမီးပျိုကလေးတစ်ဦး ရှိသည်။ တစ်နေ့တွင် ဆရာကြီးက-တပည့် လုလင်တို့ကို ကိုယ်ကျင့်တရား ကောင်း-မကောင်း ငါစူးစမ်းမည်။ သူတို့အထဲမှ ကိုယ်ကျင့်တရား ကောင်းသူကို ငါ့သမီးနှင့် လက်ဆက်ပေးမည်-ဟူ၍ ကြံစည်သည်။

IDM 6.12 Build 21 (27.09.2012)

မနေ့ကကျွန်တော်build 20တင်နေတုန်းပဲထပ်ထွက်လာတာထင်တယ်...
build 21လေးပါ...updateသုံးချင်ရင်ပေါ့...

Thursday 27 September 2012

IDM 6.12 Build 20 (26.09.2012)

ကျွန်တော်ကြားထဲမှာBuild 18 နဲ့ 19 ကိုမတင်ဖြစ်လိုက်ခဲ့ဘူး...
အခုမှပဲ Build 20 ကိုတင်ပေးလိုက်ပါတယ်...

သရဏဂုံပျက်ခြင်း နှင့် နတ်ကိုးကွယ်ခြင်းအကြောင်း

သရဏဂုံပျက်ခြင်း နှင့် နတ်ကိုးကွယ်ခြင်းအကြောင်း
သရဏဂုံအကြောင်းလေး သိသင့်တယ်ထင်လို ဆွေးနွေးတဲ့သဘောလေးနဲ့ ရေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အဓိကအနှစ်သာရ.. အဓိကအသက်ဟာ သရဏဂုံပါပဲ။ အခြားဘာသာတွေမှာ သူတို့ဘာသာထဲဝင်ရင် အခမ်းအနားတွေဘာတွေ လုပ်ပြီးမှ သူတို့ဘာသာထဲဝင်ရပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာမှာလည်း ရှိပါတယ်။ အဲ့ဒါကတော့ အခမ်းအနားတွေနဲ့တော့ မဟုတ်ပါဘူး.. သရဏဂုံသုံးပါးကို ပါးစပ်ကနေရွတ်ပြီး စိတ်ကဦးညွတ်လိုက်တာပါပဲ။ အဲ့လိုစိတ်ညွတ်လိုက်ပြီးပြီ ဆိုရင်တော့ အဲ့လူဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။

Sunday 23 September 2012

၃၈ဖြာမင်္ဂလာ(၁၈)

( ၁၈ ) မကောင်းမှုကို ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း
မကောင်းမှုကို ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် ကောင်းမြတ်သောမင်္ဂလာ ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

တစ်ရံရောအခါ မိခင်တစ်ဦးသည် ခင်ပွန်းသေဆုံးသဖြင့် သား-လုလင်နှစ်ယောက်ကို အားကိုးအားထားပြု၍ နေထိုင်သည်။ သားနှစ်ယောက်သည်လည်း မိခင်ကို ရိုသေစွာ လုပ်ကျွေးပြုစုကြသည်။

ကွန်ပျူတာတစ်လုံးအကြောင်းအခြေခံသိသင့်သည်များ

ညီလေးတစ်ယောက်ဆီကရလာတာပါခင်ဗျာ…ဒါလေးဒေါင်းပြီး Hello Computer ဆိုတဲ့ဖိုင်လေးကိုရမ်းလိုက်ပါ…အောက်ကပုံလေးမှာပြထားတဲ့ Chapter လေးတွေကိုထောက်ပြီး
ကွန်ပျူတာနဲ့ပတ်သတ်တဲ့သိသင့်စရာအခြေခံလေးတွေကိုသင်ယူနိုင်ပါတယ်…
တော်တော်လေးကောင်းပါတယ်…

Friday 21 September 2012

C Cleaner for your PC

ကွန်ပျူတာလေးပိုမြန်လာအောင်မလိုတဲ့ဟာလေးတွေကို
C Cleanerလေးနဲ့ရှင်းရအောင်...
Freeware လေးပါ...
Spywareတွေကိုလဲ100%ရှင်းပေးပါတယ်တဲ့...
သူများတွေလဲတင်ပြီးသားတွေပါ...
ကျွန်တော့်Blogလေးမှာလဲရှိထားရအောင်လို့မျှလိုက်ပါတယ်ခင်ဗျာ...

၃၈ဖြာမင်္ဂလာ(၁၇)

( ၁၇ ) အပြစ်မရှိသော ကောင်းမှုကို ပြုခြင်း
အပြစ်မရှိသော ကောင်းမှုကို ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြေင်းတစ်ရပ် ဖြစ်သည်။
(အပြစ်မရှိသော ကောင်းမှုများကား ဥပုသ်စောင့်ခြင်း၊ ဝေယျာဝစ္စပြုခြင်း၊ အများအရိပ်နားခိုနိုင်ရန် သစ်ပင်စိုက်ခြင်း၊ အများသုံးရန် ဥယျာဉ်တည်ခြင်း၊ တံတားဆောက်ခြင်း၊ လမ်းပြင်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသည့် ကောင်းမှုအလုပ်များး ဖြစ်ကြောင်း သပြေကန်ပရိတ်ကြီး နိဿယသစ်၌ ဖော်ပြထားသည်။)

တစ်ခါသော် မဂဓတိုင်း ရာဇဂြိုဟ်ပြည် မစလရွာ၌ မာဃအမည်ရှိသော လုလင်တစ်ယောက်ရှိသည်။ သူသည် ငါးပါးသီလမြဲသည်။ အလှူဒါနတို့၌ မွေ့လျော်သည်။ သူ့တွင် စိတ်တူကိုယ်မျှ ရှိကြသော အဖော်လုလင် သုံးကျိပ်သုံးယောက်တို့ ရှိသည်။

Wednesday 19 September 2012

Maxthon Browser Setup For PC

မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ခင်ဗျာ...
Maxthon Browser လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်...
ပုံလေးတွေကိုသေချာမမြင်ရရင်ပုံပေါ်ကလစ်ထောက်ပြီးကြည့်ပါခင်ဗျာ...
PDFအနေနဲ့ဖတ်ကြည့်ချင်တယ်ဆိုရင်အောက်ဆုံးမှာDownloadဆွဲပြီးဖတ်နိုင်ပါတယ်...
ပုံမှာပြထားတဲ့အတိုင်း ဒီLink ကနေသွားပြီးဒေါင်းလိုက်ပါခင်ဗျာ...

၃၈ဖြာမင်္ဂလာ(၁၆)

( ၁၆ ) အဆွေအမျိုးတို့ကို ထောက်ပံ့ကူညီခြင်း
 အဆွေအမျိုးတို့အား ထောက်ပံ့ကူညီခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။

လွန်လေပြီးသောအခါ တောအုပ်တစ်ခု၌ မျောက်တစ်သင်း နေထိုင်သည်။ အသိအလိမ္မာရှိသော မျောက်ကြီး တစ်ကောင်ကို သူတို့က မင်းမြှောက်ထားသည်။ ထိုတောအုပ်အနီးတွင် ရွာငယ်တစ်ရွာရှိသည်။ ထိုရွာမှာ အမြဲ လူမနေ။ အလုပ်လုပ်ချိန်ကျသောအခါမှ လူတို့လာရောက်နေထိုင်၏။ လုပ်ပြီးသောအခါ လူတို့ စွန့်ခွာသွားကြ၏။ ထိုရွာ၌ တည်ပင်ကြီးတစ်ပင် ရှိရာ မျောက်တို့သည် ရွာ၌ လူမရှိသောအခါ တည်သီးများကို သွားရောက်စားလေ့ ရှိ၏။

Tuesday 18 September 2012

၃၈ဖြာမင်္ဂလာ(၁၅)

(၁၅)ကောင်းမြတ်သော သုစရိုက်တရားတို့ကို ကျင့်ခြင်း
ရှေးအခါက ကာသိတိုင်း၌ ဓမ္မပါလမည်သော ရွာတစ်ရွာ ရှိသည်။ ထိုဓမ္မပါလ ရွာသားတို့သည် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း စသော ကုသိုလ်ကောင်းမှု တို့ကို အမြဲပြုသည်။
ထိုရွာ၌ မဟာဓမ္မပါလ အမည်ရှိသော ပုဏ္ဏားကြီးရှိ၏။ ထိုပုဏ္ဏားကြီးတွင် သားတစ်ယောက် ရှိသည်။ ဓမ္မပါလ သတို့သားဟု အမည်ရှိ၏။ ထိုဓမ္မပါလ သတို့သားသည် အရွယ်ရောက်သောအခါ ဖခင်ပုဏ္ဏားကြီးက သူ့ကို တက္ကသိုလ်ပြည်သို့
‘‘ချစ်သား၊ ဒိသာပါမောက္ခ ဆရာကြီးထံ ပညာသွားရောက်ဆည်းပူးပါ။ ဆရာကြီးကိုလည်း ငွေအသပြာ တစ်ထောင်ပူဇော်ပါ’’ ဟုဆိုကာ စေလွှတ်လိုက်သည်။
ဓမ္မပါလ သတို့သားသည် တက္ကသိုလ်ဆရာကြီးထံ ရောက်လျှင် အသပြာတစ်ထောင် ပူဇော်၍ ပညာသင်ယူသည်။ ရိုးသား၊ကြိုးစား၍ မကြာမှီပင် တပည့်ငါးရာတို့၏ အကြီးအမှူးဖြစ်လာ၏။

Countdown (Window 7 Gadget)

ဘာရယ်တော့မဟုတ်ပါဘူး...ကျွန်တော်လည်းအိပ်မပျော်တာနဲ့
ဟိုဟိုဒီဒီလျှောက်ဖွရင်း Gadget လေးတစ်ခုတွေ့တာနဲ့
ကျွန်တော်လည်းသဘောကျသွားတာနဲ့ ပြန်မျှပေးလိုက်ပါတယ်...
ဥပမာ မွေးနေ့ရောက်ဖို့ဘယ်နှစ်ရက်လို၊ ဘယ်နှစ်ပတ်လို နောက်ပြန်ပြီးတော့
တွက်ပေးတဲ့ window gadget လေးပါ...

ကုလားပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကုလားပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကုလားပဲကို စွယ်စုံရတဲ့ ဟင်းအမည်တစ်မျိုးလို့ ဆိုရမှာပါ။  ဟင်းချိုအဖြစ် ချက်သောက်လို့ ရသလို ကုလားပဲသုပ်၊ ကုလားပဲခြမ်းကြော် စသဖြင့်လည်း စားနိုင်ပါတယ်။ ကုလားပဲ စားတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

F.lux setup (Auto Adjusting light for PC)

F.lux setup လေးပါ...
ကွန်ပျူတာကို Auto အလင်းအမှောင်ချိန်ပေးပါတယ်...
ကွန်ပျူတာအမြဲတမ်းသုံးတဲ့သူတွေအတွက် မျက်စိထိတာသက်သာစေပါတယ်...
ကျွန်တော့်ရှေ့ က Bloggerအကိုတွေဆီမှာလဲ ဒီ setup ဖိုင်လေးတင်ခဲ့ပြီးသားတွေပါ...
ကျွန်တော်တော့ခုမှကောင်းမှန်းသိလို့ပြန်မျှလိုက်တာပါ...
အရမ်းကောင်းပါတယ်ခင်ဗျာ...
သုံးကြည့်စေချင်ပါတယ်...

Monday 17 September 2012

၃၈ဖြာမင်္ဂလာ(၁၄)

(၁၄)ပေးကမ်းလှူဒါန်းခြင်း
ပေးကမ်းလှူဒါန်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
ရှေးအခါကရွာတစ်ရွာတွင် တိဿအမည်ရှိသော သူဆင်းရဲတစ်ယောက်ရှိသည်။ ထိုသူဆင်းရဲတွင် ဇနီးနှင့်သမီးလည်း ရှိ၏။
တစ်နေ့သောအခါထိုရွာသူရွာသား အပေါင်းတို့သည် ဆွေးနွေးတိုင်ပင်၍ သံဃာတော်တို့ကို ပင့်ဖိတ်ကာ အသီးသီးအလှည့်ကျ ဆွမ်းလောင်းကြ၏။ တိဿတို့အလှည့်သို့ ရောက်သောအခါ ဆင်းရဲလှသောကြောင့် ဆွမ်းကောင်းမကပ်နိုင်။ ပုန်းရည်ဖတ်ကိုသာ လောင်းလှူနိုင်ကြသည်။
ထိုအခါသံဃာတော်တို့သည် ပုန်းရည်ဖတ်ကို မသုံးဆောင်။ ရွာစွန်၌ စွန့်ပစ်ထားခဲ့ကြသည်။ ထိုအကြောင်းကို တိဿ သိသော် စိတ်မချမ်းမသာဖြစ်မိ၏။

Light Image Resizer 4.3.1.0 Portable

ဓါတ်ပုံလေးတွေကိုဖိုင်ဆိုဒ်လျှော့ချပေးတဲ့ဆော့ဝဲလ်ကောင်းလေးပါ...
Portable လေးဆိုတော့ install လုပ်စရာလဲမလိုပါဘူး...
ImageResizerPortable ဆိုတဲ့ Application file လေးကိုကလစ်နှစ်ချက်နှိပ်ပြီးသုံးရုံပါပဲ...

Saturday 15 September 2012

၃၈ဖြာမင်္ဂလာ(၁၃)

( ၁၃) ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်း
ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်းသည် မင်္ဂလာတတစ်ပါးဖြစ်သည်။
ကြီးပွားခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။
အချိန်ကို သိနားလည်ခြင်း၊ သင့်လျော်အောင် ပြုတတ်ခြင်း၊ မပျင်းရခြင်း၊ လုံ့လရှိခြင်း၊ ပျက်စီးအောင် မပြုခြင်းတို့သည် ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရ့ပ်စွာ အလုပ်လုပ်ခြင်းတွင် အကျုံးဝင်ပေသည်။

တစ်ရံရောအခါ ဗာရာဏသီပြည်မှ လှည်းမှူးကြီးတစ်ဦးသည် လှည်းသားငါးရာကို ဦးဆောင်၍ ကုန်သွယ်သွားသည်။ သူတို့သည် ကျယ်ဝန်းလှသော သဲကန္တာရကြီးကို ဖြတ်သန်းသွားရသည်။ သဲကန္တာရမှာ နေ့အခါ ပူပြင်းလှ သောကြောင့် လှည်းသားတို့သည် ခရီးမသွားနိုင်။ တဲဆောက်၍ နားနေကြရသည်။ ညဘက်သို့ရောက်သော အခါတွင်မှ ကြယ်များကိုကြည့်လျက် လမ်းညွှန်သူ၏ အကူအညီဖြင့် သွားကြရသည်။

Skype 6.0.0.126

Skype 6.0.0.126အသစ်လေးပါ...
update မှ ကြိုက်တဲ့သူများအတွက် Download Link လေးအောက်မှာပေးထားပါတယ်...

Friday 14 September 2012

Desktop Icon Toy 4.6 + ကီးဂျန်

Desktop Icon Toy 4.6
Desktop ပေါ်မှာ Icon လေးတွေကို အသဲပုံ၊ လေးထောင့်ပုံ၊ စက်ဝိုင်းပုံစသဖြင့် 
ပုံစံလေးတွေဖေါ်ပြီးထားဖို့အသုံးပြုတဲ့ software လေးဖြစ်ပါတယ်...
software လေးကိုဒေါင်းပြီးရင် install လုပ်ပါ...

စုထားမိသမျှ Blog ထောင်နည်းစာအုပ်များ

blog တစ်ခုဖွင့်ဖို့အတွက်စပြီးလေ့လာသူတွေဖတ်သင့်တဲ့စာအုပ်တွေပါ...
ကျွန်တော်ရဲ့ဆရာတွေဆိုလဲဟုတ်ပါတယ်...
စာအုပ်လေးတွေထဲကအတိုင်းစမ်းကြည့်ရင်းအခုလက်ရှိပုံစံလေးထိရောက်လာခဲ့တာပါ...
ရေးတဲ့သူတွေကတော့အစုံပါပဲ...

၃၈ဖြာမင်္ဂလာ(၁၂)

( ၁၂ ) သား မယားကို ကောင်းစွာ ကျွေးမွေး စောင့်ရှောက်ခြင်း
သား မယားကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်၏။
ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်၏။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မာဒတ်မင်းသည် မင်းပြု၏။ ထိုအခါ ဗာရာဏသီပြည်၏ အနောက် နိဂုံးရွာ၌ သုဒဿနအမည်ရှိသော ယောက်ျားသည် သုဇာတာအမည်ရှိသော ဇနီးနှင့် အတူ ပေါင်းသင်း နေထိုင်၏။

မင်းကွတ်သီး၏ ကျန်းမာရေး အထောက်အကူပြုမှုများ

မင်းကွတ်သီး၏ ကျန်းမာရေး အထောက်အကူပြုမှုများ
မင်းကွတ်သီးကို အာရှမှာ ''သစ်သီးတို့ရဲ့ မိဖုရား'' ၊ ပြင်သစ်မှာ ''ဘုရား သခင်ရဲ့ အာဟာရ'' စသဖြင့် ခေါ်ဆိုကြတယ် ဆိုတာ သင် သိပါရဲ့လား။ မင်းကွတ်သီးကို နာမကျန်းမှုတွေကို ကုသဖို့ သုံးနိုင်ပြီး ထူးကဲတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တာကြောင့် အရှေ့တောင် အာရှမှာ နှစ်ပေါင်း လေးရာကျော်လောက် ကတည်းက လက်ခံ လာခဲ့ ကြပါတယ်။ မင်းကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုး ပါဝင်တယ်လို့ သိပြီး နောက်ပိုင်းမှာ လူကြိုက် များလာခဲ့ပါတယ်။

IDM 6.12 Beta 17 (14.09.2012)

IDM 6.12 Beta 17(14.09.2012) update...
Download ချတဲ့ဆော့ဝဲလ်လေးပါ...
အသစ်လေးထပ်ထွက်လာပြန်ပါပြီ...

Thursday 13 September 2012

၃၈ဖြာမင်္ဂလာ(၁၁)

( ၁၁ ) အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်း
အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လုလင်ပျိုတစ်ယောက် ရှိသည်။ သူသည် အမိအဖတို့ကို လွန်စွာချစ်မြတ်နိုး၏။ နတ်သိကြားကဲ့သို့ အမှတ်ပြု၍ ရိုသေစွာလုပ်ကျွေး၏။ ပြုစုစောင့်ရှောက်၏။ ထို့ကြောင့် ထိုလုလင်သည် မာတုပေါသက ပိတုပေါသက-ဟူ၍ အမည်တွင်လေသည်။

SecurityKISS Tunnel (IP changer)

IP Adress ပြောင်းတဲ့ဆော့ဝဲလ်လေးပါ...
တစ်ခြားသူတွေမိမိIP Adress ကိုခြေရာမခံမိအောင်ပဲဖြစ်ဖြစ်၊
တစ်ခြားအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် မိမိ IP Adress ကိုဖွက်ထားချင်တယ်ဆိုရင်
အသုံးပြုနိုင်ပါတယ်...
ပုံမှာပြထားတဲ့အတိုင်း install လုပ်ပြီးသွားရင် Desktop ပေါ်က
 SecurityKISS Tunnel Icon လေးကို Double Click နဲ့ဖွင့်ပြီး Connect ကိုနှိပ်လိုက်ပါ...

ဆေးဖက်ဝင် ခရေ

ဆေးဖက်ဝင် ခရေ

လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့ 
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကိုမောင်မြင်တော့
သူ့ ဆံပင်နှင်းဆီပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး၊၊

Window 7 Logo Changer

Window 7 Logo Changerလေးပါ...
သဘောကျမိလို့ ကိုဝင်းကမ္ဘာကျော် ဆီကဆွဲလာတာပါ...
နံပါတ် (1) ကတော့ကိုယ်တင်ချင်တဲ့ပုံကိုရွေးတာပါ...
နံပါတ် (2) ကတော့အစမ်းကြည့်ကြည့်ဖို့ပါ...ကိုယ်တင်လိုက်တဲ့ပုံအဆင်ပြေမပြေကို...
နံပါတ် (3) ကတော့နဂိုအတိုင်းပြန်ပြောင်းဖို့ပါ...

Wednesday 12 September 2012

၃၈ဖြာမင်္ဂလာ(၁၀)

(၁၀) ချိုသာသောစကား ကို ဆိုခြင်း
ချိုသာသော စကားကိုဆိုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
ကြီးပွားခြင်း၏ အကြောင်းတစ်ရပ်ဖြစ်၏။
တစ်ရံသောအခါက ဂန္ဓာရတိုင်း၊ တက္ကသိုလ်ပြည်၌ နေသော ပုဏ္ဏားတစ်ယောက်တွင် ခွန်အားဗလနှင့် ပြည့်စုံသော နန္ဒိဝိသာလအမည်ရှိသည့် နွားတစ်ကောင်ရှိ၏။
ပုဏ္ဏားသည် ထိုနွားအား သားကဲ့သို့ ကောင်းစွာကျွေးမွေးစောင့်ရှောက်ထားလေ၏။

Monopoly (Portable)

ငယ်ငယ်တုန်းက ကစားဘူးကြမှာပါ...
Monopoly Game လေးကိုလူတိုင်းသိကြမယ်ထင်ပါတယ်...
Portable လေးပါ...Install လုပ်စရာမလိုပါဘူး...
အပျင်းပြေပေါ့ဗျာ... :P

Speed Fan for PC

Speed Fan software လေးပါ...
PC မှာပါတဲ့ Fan တွေကို PC ရဲ့အပူချိန်ပေါ်လိုက်ပြီး Adjust လုပ်ပေးပါတယ်...
Digital Temperature Sensors နဲ့ Fan ရဲ့ speed ကိုလိုသလိုညှိပေးပြီး
noise တွေလဲလျှော့ချပေးပါတယ်...
64 bit မှာလည်းအသုံးပြုနိုင်ပါတယ်...
Free software လေးပါ...

၃၈ဖြာမင်္ဂလာ(၉)

( ၉ ) ကိုယ်ကျင့်ဝိနည်းကို စောင့်ထိန်းလိုက်နာခြင်း
ကိုယ်ကျင့်ဝိနည်းကို စောင့်ထိန်းလိုက်နာခြင်းသည်၊ တစ်နည်းအားဖြင့်-ရဟန်းကျင့်ဝတ်၊ လူ့ကျင့်ဝတ်တို့ကို စောင့်ထိန်းလိုက်နာခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် စဏ္ဍာလလင်မယား ၂-ယောက်ရှိသည်။ တနေ့သ၌ စဏ္ဍာလ၏ မယားသည် သရက်သီး စားချင်သော ချင်ခြင်းဖြစ်၏။ ထို့ကြောင့် ယောက်ျားဖြစ်သူကို သရက်သီးရှာဖွေ ပေးရန် ပြောဆိုသည်။ ထိုအချိန်မှာ သရက်သီးပေါ်ချိန် မဟုတ်သဖြင့် ယောက်ျားက သရက်သီး မရနိုင်ဟု ဆို၏။ မိန်းမက-သရက်သီး မစားရလျှင် သေရပါလိမ့်မည်။ ကြံဖန်ရှာဖွေပေးပါ-ဟူ၍ ငိုယိုပူဆာ၏။

Tuesday 11 September 2012

သံပရာရည် အစွမ်း

အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကိုတိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

၃၈ဖြာမင်္ဂလာ(၈)

( ၈) စက်မှုလက်မှုပညာ တတ်မြောက်ခြင်း
စက်မှုလက်မှုပညာ တတ်မြောက်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်ရံရောအခါ ကာသိတိုင်းရှိ ရွာတစ်ရွာတွင် ပန်းပဲသမား လုလင်ပျိုတစ်ယောက် ရှိသည်။ သူသည် ပန်းပဲပညာကို အထူးကြိုးစား သင်ယူထားသဖြင့် ထူးချွန်စွာ တတ်မြောက်သည်။ ဓား လှံတို့မှအစ အပ်တိုအထိ သံထည်ပစ္စည်း အမျိုးမျိုးကို ထူးခြားစွာ ပြုလုပ်တတ်သည်။

ပန်းပဲလုလင်ပျို နေထိုင်ရာ ရွာအနီးတွင် အိမ်ခြေတစ်ထောင်ရှိသော ပန်းပဲရွာကြီးတစ်ရွာ ရှိသည်။ ထိုရွာရှိ အကြီးအကဲဖြစ်သူ ပန်းပဲဆရာကြီးတွင် သမီးပျိုတစ်ယောက်ရှိသည်။ သူသည် လှပတင့်တယ်၍ လိမ္မာယဉ်ကျေး သည်။ သူ၏ဂုဏ်သတင်းကို ပန်းပဲလုလင်ပျို ကြားသောအခါ မမြင်ဖူးဘဲနှင့် မေတ္တာသက်ဝင်မိသည်။ ထို့ကြောင့် သူသည် မိမိ၏ ပညာစွမ်းကို ပြ၍ မိန်းမပျိုကို ရအောင် ဆောင်နှင်းမည်ဟု ကြံစည်ကြိုးစားသည်။

Global Player (Flash Game)

Flash Game လေးပါ...အရမ်းဆော့လို့ကောင်းတယ်...
Global Player လို့ခေါ်ပါတယ်...
ကုန်ရုံထဲကထွက်လာတဲ့ပစ္စည်းအရောင်လေးတွေ(ပုံမှာ a လို့ပြထားပါတယ်)ကိုမူတည်ပြီး သင်္ဘောဆိပ်၊လေဆိပ်၊ကားဂိတ်အရောင်တွေ(ပုံမှာ c လို့ပြထားပါတယ်)နဲ့မှန်အောင် ပို့ဖို့ မြှားလေးတွေ(ပုံမှာ b လို့ပြထားပါတယ်)ကိုလိုက်ပြောင်းပေးရတာပါ...

Monday 10 September 2012

၃၈ဖြာမင်္ဂလာ(၇)

( ၇ ) အကြားအမြင်များခြင်း
အကြားအမြင်များခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
တစ်ရံရောအခါ ကုသ၀တီပြည်၌ မဟာသမ္မတမင်း စိုးစံသည်။ ထိုမင်းလက်ထက်တွင် ပုဏ္ဏား ၇-ယောက်တို့သည် အဆွေခင်ပွန်း ဖွဲ့ကြပြီးလျှင် အမြို့မြို့အရွာရွာသို့ လှည့်လည်ကြသည်။ ဗေဒင်လက္ခဏာဟော၍ စီးပွားရှာကြသည်။ ရသောငွေတို့ကို စုဆောင်းထားကြရာ အသပြာငါးရာ စုဆောင်းမိသည်။ အသပြာ ၇၀၀-ပြည့်မှ ခွဲဝေယူကြရန် သဘောတူကြသည်။ ရရှိထားသော အသပြာငါးရာကို သူဆင်းရဲမတစ်ယောက်ထံ၌ အပ်နှံထားသည်။

သူဆင်းရဲမအား ဤအသပြာငါးရာကို အသင်-ကောင်းစွာ သိမ်းဆည်းထားပါ။ ငါတို့ ၇-ယောက် စုံစုံညီညီ လာရောက်တောင်းမှ ပေးပါ။ ၇-ယောက်မပြည့်ဘဲ လာတောင်းလျှင် မပေးပါနဲ့-ဟူ၍ မှာကြားထားသည်။
ထို့နောက် ပုဏ္ဏား ၇-ယောက် အတူထွက်ခွာသွားကြသည်။ သူဆင်းရဲမ၏ အိမ်နှင့် မနီးမဝေး လှမ်း၍ ခေါ်သံကြားလောက်သော အရပ်ရှိ ချောင်းတခုတွင် ပုဏ္ဏားတို့ ဘာသာဘာဝ ဦးခေါင်းဆေးမင်္ဂလာပြုရန် ပြင်ဆင်ကြသည်။

ခရမ်းချဉ်သီး၏ အံအားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ခရမ်းချဉ်သီး၏ အံအားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ခရမ်းချဉ်သီးက အရည်ရွှမ်းပြီး အရသာရှိပါတယ်။ ခရမ်းချဉ်သီးက လူတွေအတွက် အကျိုးရှိတယ်လို့လည်း လူတိုင်း သိကြပါတယ်။  အနီရောင် ခရမ်းချဉ်သီး အမှည့်တစ်ခွက်စာ ပမာဏမှာ ဗီတာမင် အေ၊ စီ၊ ကေ၊ ဖောလိတ်နဲ့ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်နေပါတယ်။ ခရမ်းချဉ်သီးမှာ ဆိုဒီယမ်၊ ပြည့်ဝဆီ၊ ကိုလက်စထရောဓာတ်နဲ့ ကယ်လိုရီ ပါဝင်မှုက လျော့နည်းနေပါတယ်။ ဒါ့အပြင် ကျန်းမာရေး ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ သိုင်ယာမင်၊ နိုင်ယာစင်၊ ဗီတာမင် B6 ၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ကြေးနီတို့ ပါဝင်နေပါတယ်။ ခရမ်းချဉ်သီးမှာ အမျှင်ဓာတ် များစွာ ပါဝင်တဲ့အပြင် ရေဓာတ်လည်း အပြည့်အဝ ပါဝင်တာကြောင့် ဗိုက်ပြည့်စေတဲ့ အစာဖြစ်ပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပြည့်ဝနေတဲ့ ခရမ်းချဉ်သီးမှာ အံ့အားသင့်ဖွယ်ရာ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

လက်သည်း ဆိုးဆေးတွေမှာ ပါဝင်တဲ့ အန္တရာယ် ဓာတုပစ္စည်း ၃ မျိုး

လေ့လာတွေ့ရှိချက်တွေ အရ လက်သည်း ဆိုးဆေးတွေထဲမှာ အလွန် ရှုပ်ထွေးတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေကြောင်း သိရှိရပါတယ်။ အဓိကကျပြီး အန္တရာယ်ရှိတဲ့ chemical (ဓာတုပစ္စည်း) တွေကတော့  Formaldehyde, Dibutyl Phthalate (DBP) နှင့် Toluene တို့ပဲ ဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းတွေကို များသောအားဖြင့် အရည်အသွေး ညံ့ပြီး ဈေးပေါတဲ့ လက်သည်း ဆိုးဆေးတွေမှာ ပိုတွေ့ရလေ့ ရှိပါတယ်။ ကုမ္ပဏီကြီးတွေကတော့ ဒီ ဓာတုပစ္စည်းတွေကို မပါဝင်စေဘဲ customer တွေကို ဆွဲဆောင်ကြတာပါပဲ။

၃၈ဖြာမင်္ဂလာ(၆)

( ၆ ) မိမိကိုယ်ကို ကောင်းစွာ စောင့်ထိန်းခြင်း
မိမိကိုယ်ကို ကောင်းစွာစောင့်ထိန်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
ရှေးသရောအခါ ဗာရာဏသီမင်းတစ်ပါးတွင် သားတစ်ထောင်ရှိသည်။ ထိုသားတစ်ထောင်ထဲမှ အငယ်ဆုံး မင်းသားသည် မိမိ မင်းမဖြစ်နိုင်ကြောင်း ဆင်ခြင်မိသည်။ နန်းတော်သို့ ဆွမ်းစားကြွလာသော ပစ္စေကဗုဒ္ဓါတို့က သင်-မင်းသား ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်သို့ ခုနစ်ရက်ဖြင့် အရောက်သွားနိုင်လျှင်မူ ထိုပြည်၌ မင်းဖြစ်လိမ့်မည်။ သို့ရာတွင် လမ်းခရီး၌ တောအုပ်တစ်ခုကို ဖြတ်သန်းသွားရမည်။ ထိုတောအုပ်၌ ဘီလူးမတို့ရှိသည်။ သူတို့က အာရုံငါးပါးဖြင့် ဖြားယောင်းဖျက်ဆီးကြလိမ့်မည်။ ထိုအာရုံငါးပါးနောက်သို့ မလိုက်ဘဲ မိမိစိတ်ကို စောင့်ထိန်းနိုင်လျှင် သင်-မင်းဖြစ်မည်။ ထိုသို့မဟုတ်က ဘီလူးစားခံရလိမ့်မည်-ဟူ၍ မိန့်တော်မူကြသည်။ မင်းသားလည်း အရှင်မြတ်တို့၏ သတိပေးချက်ကို နာယူကာ အဖော်ငါးဦးနှင့်အတူ တက္ကသိုလ်ပြည်သို့ ထွက်ခွါသွားသည်။

Computer Timer (Auto Shutdown)

Computer Timer လေးပါခင်ဗျာ...
သီချင်းဖွင့်ပြီးအိပ်တတ်တာပဲဖြစ်ဖြစ်၊ စက်ပိတ်ဖို့မေ့တတ်တာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်...
အောက်မှာပုံလေးနဲ့သုံးနည်းလေးရှင်းပြထားပါတယ်...
install လုပ်စရာမလိုပါဘူးခင်ဗျာ...
rar ဖိုင်ကိုဖြည်ပြီးအောက်မှာပြထားသလိုသုံးရုံပါပဲ...

Sunday 9 September 2012

၃၈ဖြာမင်္ဂလာ(၅)

( ၅ ) ရှေးကောင်းမှုကံ ရှိခြင်း
ရှေးကောင်းမှုကံ ရှိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်ရံရောအခါ ဗာရာဏသီပြည်တွင် ထင်းခွေယောက်ျား တစ်ဦးရှိသည်။ တစ်နေ့တွင် သူသည် မြို့တံခါးဝအနီးရှိ နတ်ကွန်းတွင် ဘေးမဲ့လွှတ်ထားသော ကြက်များအနက်မှ ထူးခြားသော ကြက်တစ်ကောင်ကို တွေ့ရှိသည်။ ထိုကြက်က-ငါ့ကိုသတ်၍ ငါ့ဦးခေါင်းကို စားသူသည် မင်းဖြစ်မည်-ဟု အခြားကြက်တစ်ကောင်အား ပြောကြား သည်ကို ထင်းခွေယောက်ျားက ကြားသိသွားသည်။

သို့ဖြင့် သူသည် ထိုကြက်ကို ဖမ်းယူသတ်ဖြတ်၍ အိမ်သို့ယူဆောင်လာသည်။ မယားအား အကျိုးအကြောင်း ပြောပြကာ ကြက်ကို ချက်ခိုင်းသည်။ မယားလည်း ကြက်ကိုချက်ပြီးလျှင် ထမင်းနှင့်အတူ ပေးအပ်သည်။ ထင်းခွေယောက်ျားသည် ချက်ပြီးသော ကြက်ခေါင်းကို ချက်ချင်းမစားသေး။ ဂင်္ဂါမြစ်သို့သွား၍ ရေချိုးပြီးမှ မြစ်ကမ်းဘေးတွင် စားမည်ဟု ရည်မှန်းသည်။ သို့ဖြင့် သူတို့လင်မယားသည် ကြက်သားအိုးနှင့် ထမင်းအိုးကို တောင်းတစ်ခု၌ထည့်ကာ ဂင်္ဂါမြစ်သို့ သွားကြသည်။ တောင်းကို မြစ်ကမ်း၌ထားပြီး မြစ်သို့ရေဆင်းချိုးကြသည်။ ထိုစဉ် ရုတ်တရက် လေထန်၍ ရေလှိုင်းတို့ တက်လာသည်။

Thursday 6 September 2012

၃၈ဖြာမင်္ဂလာ(၄)

( ၄ ) သင့်တင့်လျောက်ပတ်သောအရပ်၌ နေခြင်း
သင့်တင့်လျောက်ပတ်သောအရပ်၌ နေရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
တစ်ခါသော် ဘီလုံးငှက် တစ်ကောင်သည် မိမိနေထိုင်ကျက်စားရာ လယ်ကွင်းပြင်မှလွန်၍ အခြားအရပ်သို့ သွားရောက် ကျက်စားသည်။ ထိုစဉ် သိမ်းငှက်တစ်ကောင်သည် ဘီလုံးငှက်ကို တွေ့မြင်ကာ ထိုးသုတ်သွားလေသည်။

ဘီလုံးငှက်သည် သိမ်းငှက်လက်တွင် ပါသွားစဉ် ငါ့အရပ်မဟုတ်၍ သိမ်းငှက်၏ ထိုးသုတ်ခြင်းကို ခံရသည်။ ငါ့အရပ်ဖြစ်ပါမူ သိမ်းငှက်သည် ထိုးသုတ်နိုင်မည်မဟုတ်-ဟူ၍ မြည်တမ်း ငိုကြွေးသည်။

ထိုအခါ သိမ်းငှက်က မခံချင်။ မိမိသည် အရွယ် ၁-တောင်ကျော်ရှိသည်။ ဘီလုံးငှက်ကား လက်တစ်ဝါးခန့်သာ ရှိသည်။ မိမိကဲ့သို့ ခွန်အားကြီးသောသူကို မနိုင်နိုင်ဟု ခံယူထားသည်။ ထို့ကြောင့် ဟယ်-ဘီလုံးငှက်၊ သင်၏အရပ်ကား အဘယ်နည်း-ဟူ၍ မေးမြန်းသည်။ ဘီလုံးငှက်ကလည်း ငါ၏အရပ်ကား ထွန်စာခဲရှိရာ လယ်ကွင်းပြင်တည်း-ဟူ၍ အားမာန်အပြည့်ဖြင့် ပြန်ပြောသည်။

ဒဿန(၂)

ဒဿန(၂)


တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန် ငွေစက္ကူလေးကိုကိုင်ပြီးတက်လာပါတယ် ။ ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ် ။ သူကမေးလိုက်တယ် “ ဒီ ဒေါ်လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”

လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။ အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ် ။

သူကဆက်ပြောတယ် ။ “ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ ဒါပေမယ့်ခဏစောင့်ပါဦး ” အဲဒီလိုပြောပြီး သူဟာ ဒေါ်လာ ၂၀ ကို တွ
န့်ခြေလိုက်တယ် ။ ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူလိုချင်ပါသေးလဲ ”

Internet Download Manager 6.12 build 15(5.9.2012)

IDM update လေးပါ....
6.12 build 15(5/9/2012)ထွက်တဲ့ဗားရှင်းလေးပါ...

Wednesday 5 September 2012

၃၈ဖြာမင်္ဂလာ(၃)

( ၃ ) ပူဇော်ထိုက်သူကို ပူဇော်ခြင်း
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်ရံရောအခါ ရာဇဂြိုဟ်ပြည်ရှိ သူဌေးတဦး၏လယ်တွင် သူဆင်းရဲပုဏ္ဏသည် သူရင်းငှါးအလုပ်ကို လုပ်ကိုင်သည်။ ပုဏ္ဏ၌ ဇနီး-ဘာရိတာ နှင့် သမီး-ဥတ္တရာ တို့ ရှိကြသည်။ သူဌေး၏အိမ်နောက်ဖေး၌ မှီခိုနေထိုင်ကြသည်။

တစ်ေန့သ၌ နက္ခတ်ပွဲသဘင်ကြီး ကျရောက်သည်။ မြို့သူမြို့သားများသည် ပျော်ရွှင်စွာ ဆင်နွှဲကြသော်လည်း ပုဏ္ဏမှာ မဆင်နွှဲ။ လယ်သို့ဆင်း၍ လယ်ထွန်သည်။ ထိုစဉ် အရှင်သာရိပုတ္တရာ ရဟန္တာအရှင်မြတ်သည် ပုဏ္ဏလယ်ထွန်ရာသို့ ကြွလာပြီး ရပ်တော်မူသည်။ ပုဏ္ဏသည် အရှင်မြတ်အတွက် မျက်နှာသစ်ရေနှင့် တံပူကို ဆက်ကပ်လှူဒါန်းပူဇော်သည်။

vzo setup & useful links for new window

window အသစ်ပြန်တင်မယ်ဆိုရင်လိုအပ်တဲ့ softwaresတွေကို
vzo chat software နဲ့ဒေါင်းရမယ့် link လေးတွေ လေးတင်ပေးချင်ပါတယ်ခင်ဗျာ...
ဒီအောက်က link နှစ်ခုမှာ direct download လုပ်နိုင်ပါတယ်ခင်ဗျာ...

Wyzo Browser

Wyzo Browser လေးနဲ့မိတ်ဆက်ပေးပါရစေ..
Mozilla Firefox သုံးရတာ loading time အရမ်းကြာလို့စိတ်ညစ်နေရင်
ဒီ Browser အသစ်လေးစမ်းသုံးကြည့်ပါ...
Options တွေကတော့ Mozilla Firefox အတိုင်းပါပဲ...

၃၈ဖြာမင်္ဂလာ(၂)

( ၂ ) ပညာရှိကို ဆည်းကပ်ခြင်း
ပညာရှိကို ဆည်းကပ်ခြင်းသည် ကြီးပွားခြင်း အလုပ်တခု (၀ါ) မင်္ဂလာတစ်ပါးဖြစ်သည်။
တစ်ရံသောအခါ ဗာရာဏသီအနီးရှိ လက်သမားရွာကြီးတရွာ၌ လက်သမားတစ်ထောင် နေထိုင်သည်။ သူတို့သည် ထိုရွာ၌ ကြာမြင့်စွာ နေထိုင်လာခဲ့ရာမှ လုပ်ငန်းများ မအောင်မြင် ဖြစ်လာသည်။ ဆက်လက်နေထိုင်ရန် မသင့်တော်သောကြောင့် အခြားအရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ကြသည်။ လှေကြီးတစင်း ပြုလုပ်ကာ မိသားစုများကိုပါ တင်ဆောင်၍ ရေလမ်းခရီးဖြင့် ထွက်ခွာလာကြသည်။

သူတို့သည် သမုဒ္ဒရာအလယ်၌ ဆန်ရေစပါးနှင့် သီးနှံမျိုးစုံပေါများသော ကျွန်းတစ်ကျွန်းကို တွေ့ကြသည်။ ထိုကျွန်းတွင် သင်္ဘောပျက်သဖြင့် ဦးစွာရောက်နှင့်နေသော ယောက်ျားတစ်ယောက်ကိုလည်း တွေ့သည်။ ထိုသူက ထိုကျွန်းမှာ အစားအစာပေါများသည်။ သို့ရာတွင် နတ်များစောင့်သည်။ နတ်များသည် လူသားတို့၏ ကျင်ကြီးကျင်ငယ်တို့ကို စက်ဆုပ်ကြသည်။ ဤကျွန်းတွင်နေလိုပါက ကျင်ကြီးကျင်ငယ်တို့ကို စနစ်တကျ စွန့်ဖို့လိုသည်။ သဲများကို ယက်၍ တွင်းပြုပြီးမှ စွန့်သင့်သည်။ ကျင်ကြီးကျင်ငယ်တို့ကို သဲဖြင့် ပြန်၍ ဖုံးအုပ်ရမည်ဟူ၍ သတိပေးပြောဆိုသည်။

Tuesday 4 September 2012

IE Zawgyi Font

အထဲမှာဖိုင်လေး၂ခုခွဲထားပါတယ်...
(32 bit ဆိုတဲ့အထဲက IE Zawgyi ကို run ပြီး 64 bit ထဲက install me ဆိုတာလေးဆက်ရမ်းပေးလိုက်ရင် 64 bit သမားတွေအဆင်ပြေသွားပါလိမ့်မယ်...32 bit သမားတွေကတော့32 bit ထဲက IE Zawgyi လေးနဲ့တင်အဆင်ပြေပါတယ်...)
သူကinternet explorerကိုတစ်ခါတည်းဝင်ပြင်ပေးပါတယ်...
Icon name တွေကိုလဲမြန်မာလိုရိုက်လို့ရအောင်တစ်ခါတည်းဝင်ပြင်ပေးပါတယ်...
zawgyi ထဲမှာတော်တော်အဆင်ပြေတဲ့ software ပါ...