Thursday, 22 November 2012

အတွေး

ရာသီဥတုက အေးစိမ့်နေတော့ လိပ်ကလေးလည်း ခေါင်းကိုဖွက်ပြီး အိပ်နေတယ် ။ ခလေးမလေးက သူ့ရဲ့ ကစားဖေါ် လိပ် ကိုခေါ်မရလို့ ခေါင်းထုတ်လာအောင် တုတ်နဲ့ ရိုက်နှက်လေတယ် ။ လိပ်က ခေါင်းမထုတ်လေ ခလေးမလေးကလည်း ဒေါသတကြီးနဲ့ အော်ဟစ်ပြီးရိုက်နှက်လေပဲ ။ ဒီအဖြစ်အပျက်ကို ဖခင် မြင်တော့ သမီးလေးကို ခေါ်လိုက်တယ် ။ ဘာလို့ စိတ်တိုနေတာလဲ သမီး လို့မေးတော့ ခလေးမလေးက လိပ်ကို ခေါ်မရလို့ ဆိုပြီးပြန်ဖြေတယ် ။ ဖခင်က ပြုံးပြီး မီးလင်းဖိုကို မီးမွှေးရင်း သမီးကို အနားမှာ ခေါ်ထိုင်စေတယ် ။

တအောင့်ကြာတော့ လိပ်က တရွေ့ရွေ့နဲ့ အနွေးဓါတ်ရှိရာ မီးလင်းဖိုအနားကို ချဉ်းကပ်လာခဲ့တယ် ။

အဲဒီအခါ ဖခင်က ပြုံးပြီး သမီးလေး “လူသားတွေလည်း ဒီလိပ် လိုပါပဲ ။ သမီးလေး ဖြစ်ချင်တာကို ချစ်ခြင်းဂရုဏာနဲ့ နွေးထွေးမှုပေးပြီး ခေါ်ယူပါ ။ သမီးလည်း နွေးထွေးရသလို သူလည်း နွေးထွေးလာလိမ့်မယ် ။ ဖြစ်ချင်တာကို တုတ်နဲ့ရိုက်နှက်ပြီး မခေါ်ယူပါနဲ့ ။ သမီးလည်း ပူလောင်ရသလို သူလည်းနာကျင် ရုံပဲရှိမယ်။”

(From This Link)

IDM 6.12 Build 26 (21.11.2012)

IDM build 26 လေးပါ...
အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

၃၈ဖြာမင်္ဂလာ(၃၆)

( ၃၆ ) စိုးရိမ်ပူဆွေးမှု မရှိခြင်း
ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီမြို့တံခါးအနီးရှိ ရွာ၌ ပုဏ္ဏားမျိုးနွယ်ဝင် လယ်သမားဇနီးမောင်နှံ နေထိုင်ကြသည်။ သူတို့တွင် သား-ချွေးမ သမီးနှင့် အိမ်ဖော်မိန်းမနှင့်အတူ နေထိုင်ကြသည်။ အားလုံးပင် လယ်ယာလုပ်ငန်းကို စုပေါင်းလုပ်ကိုင်ကြသည်။

Thursday, 15 November 2012

IDM 6.12 Build 25 (14.11.2012)

IDM 6.12 Build 25 အသစ်လေးပါ... 
အောက်မှာဒေါင်းနိုင်ပါတယ်...


Sunday, 11 November 2012

လိမ္မော်သီး(၃)လုံး


ဆင်းရဲသား တစ်ယောက်က လိမ္မော်သီး သုံးလုံး ၀ယ်လာတယ် ။

ပထမ တစ်လုံးကို အခွံခွါလိုက်တဲ့ အခါမှာ ပုပ်နေလို့ ပစ်လိုက်တယ် ။

ဒုတိယ တစ်လုံးကို အခွံခွါတဲ့ အခါမှာ လည်း ပုပ်နေလို့ ပစ်လိုက်ရတယ် ။

တတိယ တစ်လုံးမှာ ကျတော့ မီးကို အရင် မှိတ်လိုက်တယ် ။

ပြီးနောက် အခွံခွါပြီး စားလိုက်လေတယ် ။

( တစ်ခါတစ်ရံမှာ တော့ အခြေအနေအရ မသိချင်ယောင်ဆောင် လိုက် ရတာတွေ ရှိကြပါတယ် )

( From This Link )

Friday, 9 November 2012

၃၈ဖြာမင်္ဂလာ(၃၅)

( ၃၅ ) လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း
လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အုပ်စိုးသော ဗာရာဏသီမင်းဝယ် သားတော်တစ်ပါး ရှိသည်။ ဗြဟ္မဒတ်ဟု အမည်တွင်သည်။ ဗြဟ္မဒတ်မင်းသားသည် အခြံအရံ ပေါများလှသဖြင့် မင်းကြီးသည် မယုံသင်္ကာ ဖြစ်လာသည်။ မိမိ၏နန်းကို လုယူလိမ့်မည်ဟူ၍ စိုးရိမ်လာသည်။ သို့ဖြင့် မင်းသားကို တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်လေသည်။

IDM 6.12 Build 23 (26.10.2012)

IDM(26.10.2012)ပါ...
ထွက်တာတောင်တော်တော်ကြာသွားပါပြီ...
ခုမှပဲကျွန်တော့်Blogမှာပြန်တင်ဖြစ်တယ်...

အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

ဘာသာကြီးလေးခု အနှစ်သာရများ.pdf

ဖတ်ရှုလေ့လာသင့်တဲ့စာအုပ်တစ်အုပ်ပါ...


အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ

Wednesday, 7 November 2012

၃၈ဖြာမင်္ဂလာ(၃၄)

(၃၄) နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ရံသောအခါ သာဝတ္ထိမြို့တွင် ကုဋေလေးဆယ် ကြွယ်ဝသော သူဌေးကြီး တစ်ဦး ရှိသည်။ သူ့တွင် ပဋာစာရီ အမည်ရှိ သမီးပျိုတစ်ယောက် ရှိ၏။

Friday, 2 November 2012

သိသင့်သိထိုက်သော တီထွင်သူများ



ကင်မရာ

တီထွင်သူ။………..။ ၀ီလျံတောလ်ဘော့စ်၊ လူးဝစ်စ် ဒက်ဂူရီ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၃၅၊ ၁၈၃၉။
ရည်ရွယ်ချက်။…….။ အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး။
တိုးတက်မှုရလဒ်။….။ ယနေ့ခေတ် ကင်မရာများ။