Showing posts with label Thinkings. Show all posts
Showing posts with label Thinkings. Show all posts

Thursday, 22 November 2012

အတွေး

ရာသီဥတုက အေးစိမ့်နေတော့ လိပ်ကလေးလည်း ခေါင်းကိုဖွက်ပြီး အိပ်နေတယ် ။ ခလေးမလေးက သူ့ရဲ့ ကစားဖေါ် လိပ် ကိုခေါ်မရလို့ ခေါင်းထုတ်လာအောင် တုတ်နဲ့ ရိုက်နှက်လေတယ် ။ လိပ်က ခေါင်းမထုတ်လေ ခလေးမလေးကလည်း ဒေါသတကြီးနဲ့ အော်ဟစ်ပြီးရိုက်နှက်လေပဲ ။ ဒီအဖြစ်အပျက်ကို ဖခင် မြင်တော့ သမီးလေးကို ခေါ်လိုက်တယ် ။ ဘာလို့ စိတ်တိုနေတာလဲ သမီး လို့မေးတော့ ခလေးမလေးက လိပ်ကို ခေါ်မရလို့ ဆိုပြီးပြန်ဖြေတယ် ။ ဖခင်က ပြုံးပြီး မီးလင်းဖိုကို မီးမွှေးရင်း သမီးကို အနားမှာ ခေါ်ထိုင်စေတယ် ။

တအောင့်ကြာတော့ လိပ်က တရွေ့ရွေ့နဲ့ အနွေးဓါတ်ရှိရာ မီးလင်းဖိုအနားကို ချဉ်းကပ်လာခဲ့တယ် ။

အဲဒီအခါ ဖခင်က ပြုံးပြီး သမီးလေး “လူသားတွေလည်း ဒီလိပ် လိုပါပဲ ။ သမီးလေး ဖြစ်ချင်တာကို ချစ်ခြင်းဂရုဏာနဲ့ နွေးထွေးမှုပေးပြီး ခေါ်ယူပါ ။ သမီးလည်း နွေးထွေးရသလို သူလည်း နွေးထွေးလာလိမ့်မယ် ။ ဖြစ်ချင်တာကို တုတ်နဲ့ရိုက်နှက်ပြီး မခေါ်ယူပါနဲ့ ။ သမီးလည်း ပူလောင်ရသလို သူလည်းနာကျင် ရုံပဲရှိမယ်။”

(From This Link)

Sunday, 11 November 2012

လိမ္မော်သီး(၃)လုံး


ဆင်းရဲသား တစ်ယောက်က လိမ္မော်သီး သုံးလုံး ၀ယ်လာတယ် ။

ပထမ တစ်လုံးကို အခွံခွါလိုက်တဲ့ အခါမှာ ပုပ်နေလို့ ပစ်လိုက်တယ် ။

ဒုတိယ တစ်လုံးကို အခွံခွါတဲ့ အခါမှာ လည်း ပုပ်နေလို့ ပစ်လိုက်ရတယ် ။

တတိယ တစ်လုံးမှာ ကျတော့ မီးကို အရင် မှိတ်လိုက်တယ် ။

ပြီးနောက် အခွံခွါပြီး စားလိုက်လေတယ် ။

( တစ်ခါတစ်ရံမှာ တော့ အခြေအနေအရ မသိချင်ယောင်ဆောင် လိုက် ရတာတွေ ရှိကြပါတယ် )

( From This Link )

Saturday, 27 October 2012

အတွေး


လေးနှစ်သား အရွယ်မှာ အိပ်ယာထဲ သေးမပေါက်တော့ ဘူးဆိုရင် အောင်မြင်မှုပဲ ။

ခြောက်နှစ်သား အရွယ်မှာ ကျောင်းသွားကျောင်းပြန် လမ်းကို သိတယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၁၂ နှစ်အရွယ်မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၁၈ နှစ်အရွယ်မှာ ယာဉ်မောင်းလိုင်စင် ကိုင်ထားနိုင်တယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက်၂၀ ၊ ၃၅ ၊ ၄၅ ၊ ၆၀ အရွယ်တွေမှာငွေ ရှာနိုင်တယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၆၅ နှစ်အရွယ်မှာ ယာဉ်မောင်း လိုင်စင် ကိုင်ထားနိုင်သေးတယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၇၀ အရွယ်မှာ သူငယ်ချင်းတွေ အများကြီးရှိသေးတယ် ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၇၅ အရွယ်မှာ ဘယ်နေရာကနေ မဆို အိမ်ပြန်ဖို့ လမ်းသိသေးတယ် ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၈၀ အရွယ်မှာတော့ ဘောင်းဘီ ၊ ပုဆိုးထဲ သေးမပေါက်ထည့် ဘူးဆိုရင် အောင်မြင်မှုပဲ ။

(From This Link)

Thursday, 6 September 2012

ဒဿန(၂)

ဒဿန(၂)


တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန် ငွေစက္ကူလေးကိုကိုင်ပြီးတက်လာပါတယ် ။ ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ် ။ သူကမေးလိုက်တယ် “ ဒီ ဒေါ်လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”

လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။ အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ် ။

သူကဆက်ပြောတယ် ။ “ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ ဒါပေမယ့်ခဏစောင့်ပါဦး ” အဲဒီလိုပြောပြီး သူဟာ ဒေါ်လာ ၂၀ ကို တွ
န့်ခြေလိုက်တယ် ။ ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူလိုချင်ပါသေးလဲ ”

Wednesday, 29 August 2012

ဒဿန(၁)

ဒဿန(၁)

ပုံပြင်တစ်ပုဒ်မှာ နတ်မင်းကြီးတစ်ပါးက မျောက်တစ်ကောင် ကို ဒီလို ပြောသတဲ့...
"မင်းဟာသနားစရာကောင်းတဲ့မျောက်တစ်ကောင်ပဲ။ မျောက်ဘုရင်လုပွဲ မှာ မင်းရှုံးသွားခဲ့တယ်... အခုမင်းကို ကျုပ်လူဖြစ်အောင်လုပ်ပေးမယ်"