Wednesday 29 August 2012

ဒဿန(၁)

ဒဿန(၁)

ပုံပြင်တစ်ပုဒ်မှာ နတ်မင်းကြီးတစ်ပါးက မျောက်တစ်ကောင် ကို ဒီလို ပြောသတဲ့...
"မင်းဟာသနားစရာကောင်းတဲ့မျောက်တစ်ကောင်ပဲ။ မျောက်ဘုရင်လုပွဲ မှာ မင်းရှုံးသွားခဲ့တယ်... အခုမင်းကို ကျုပ်လူဖြစ်အောင်လုပ်ပေးမယ်"

နတ်မင်းကြီးရဲ့စကားကို ကြားတော့ မျောက်အရမ်းဝမ်းသာသွားတယ်...
နတ်မင်းကြီးကမျောက်ကိုမေးတယ်..."မင်းလူဖြစ်တာနဲ့ ပထမဆုံး ဘာလုပ်မယ်စိတ်ကူးလဲ" ပေါ့
မျောက် က ဖြေတယ်...
"သေနတ်ယူပြီး အခု မျောက်ဘုရင်ဖြစ်သွားတဲ့ မျောက်ကို ပစ်သတ်မယ်။ ပြီးတော့ သူ့နေရာကိုယူမယ်။
မျောက်မတွေအကုန်လုံးကိုသိမ်းပိုက်မယ်။"
တချို့ က ပိုမြင့်တဲ့နေရာ၊ ပိုမြင့်တဲ့ရာထူး ပေးပေမယ့် ပိုမြင့်တဲ့အတွေးအခေါ် ထည့်ပေးဖို့ခက်တယ် ဆိုတဲ့အကြောင်းလေးပါ..
(From Nine Nine Sanay @ နိုင်းနိုင်းစနေ)

No comments:

Post a Comment