Wednesday 29 August 2012

ရှစ်ပါးသီလတောင်းခံဆောက်တည်ပုံနှင့် ရှစ်ပါးသီလအနက်

ရှစ်ပါးသီလတောင်းခံဆောက်တည်ပုံနှင့် ရှစ်ပါးသီလအနက်



သီလယူတောင်းပုံ

အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

သံဃာ - ယ’မဟံ ၀ဒါမိ၊ တံ ၀ဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်)။
ဗုဒၶံ သရဏံ ဂစ ၦာမိ။
ဓမၼံ သရဏံ ဂစ ၦာမိ။
သံဃံ သရဏံ ဂစ ၦာမိိ။

ဒုတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
ဒုတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
ဒုတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

တတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
တတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
တတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

သံဃာ - တိသရဏဂမနံ ပရိပုဏၰံ။
လူ - အာမ ဘေႏ ၱ ပါ အရွင္ဘုရား။

(၁) ပါဏာတိပါတာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။
(၂) အဒိႏၷာဒါနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။
(၃) အျဗဟၼစရိယာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။
(၄) မုသာ၀ါဒါ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။
(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၆) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၈) မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သံဃာ - တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

၃။ အဗြဟ္မစရိယ သိက္ခာပုဒ် သိမှတ်ဖွယ်

မမြတ်သော မေထုန်အကျင့်ဟူရာ၌ မိန်းမယောက်ျားနှစ်ဦးသားတို့၏ အချင်းချင်း ပျော်ပါး ပေါင်းသင်းမူ ကိစ္စကို မေထုန်ဟု
ဆိုသည်။

ကာမေသုမိစ္ဆာစာရမှာ မိမိတို့ ဇနီးခင်ပွန်းအချင်းချင်း ပေါင်းသင်းခွင့်ရသေးသည်။ ဤ အဗြဟ္မစရိယ ဆောက်တည်သူတို့မှာ ဇနီး
ခင်ပွန်း အချင်းချင်းသော်မှ ပေါင်းသင်းဆက်ဆံခွင့်မရ။

အိမ်ထောင်မရှိသော သူတော်စင်များသည် ငါးပါးသီလတွင် ကာမေသုမိစ္ဆာစာရအစား ဤ အဗြဟ္မစရိယ သိက္ခာပုဒ်ကို
ဆောက်တည်ပါက သာ၍ အကျိုးကြီးသည်။

၆။ ၀ိကာလဘောဇန သိက္ခာပုဒ် သိမှတ်ဖွယ်

နေလွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း

“နေလွဲအခါ အစာစားခြင်းမှ ရှောင်ကြဉ်ပါ၏” ဆိုရာ၌ နေ့လည် မွန်းတည့်(၁၂)နာရီ အချိန်မှ နောက်ပိုင်းကို နေလွဲ မွန်းလွဲဟု
ခေါ်၏။

ထိုနေလွဲသည်မှစ၍ နောက်နေ့ နံနက်အာရုဏ်တက်သည့်တိုင်အောင် ထမင်း ဟင်းလျာ မုန့် ပဲ သရေစာ သစ်သီးစသည့် 
စားသောက်ဖွယ်ရာ ဟူသမျှကို မစားရ။ ယင်း အစားအစာများကို စားလျှင် ၀ိကာလဘောဇနသိက္ခာပုဒ်ပျက်သည်။

ဆာလောင်မွတ်သိပ်မူ ဖြစ်ခဲ့သော် ဖျော်ရည်တစ်မျိုးမျုးကို သောက်ကောင်း၏။ ထန်းလျက်ကိုပင် မစားရ၊ ဖျော်ရည်လုပ်၍
သောက်ရသည်။

ညစာ မစားခြင်းအကျိုး

ညစာ မစားဘဲ ရှောင်ကြဉ်ခြင်းသည် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလတွင် တစ်ပါးမျှသာ ဖြစ်၏။ ညာစာ မစားမူတစ်ခုတည်းကို
ဥပုသ်စောင့်သည်ဟု မဆိုနိုင်။ ဤ သိက္ခာပုဒ်၏ ရည်ရွယ်ချက်မှာ -

(၁) ကိစ္စနည်း၍ တရားအာရုံပြုနိုင်ရန် အချိန်များစွာ ရစေခြင်း၊
(၂) လောကီအာရုံ ကာမဂုဏ်၌ စိတ်မ၀င်စားအောင် လောဘ ဒေါသများ ထိန်းချုပ်ပြီး ဖြစ်စေခြင်းတို့ ဖြစ်၏။
ညစာစားလျှင် ညစာစားဖို့အတွက် ချက်စရာပြုတ်စရာ ရှာရ ဖွေရ ချက်ပြုတ် စီမံရသဖြင့် အလွန်ကိစ္စများ၏။ ထိုအလုပ်များကို
လုပ်ကိုင်နေရလျှင် ဘုရား တရားအာရုံပြုရန် အချိန်နည်းသွားမည်။ ထို့ကြောင့် ညစာမစားခြင်းသည် အလုပ်ကိစ္စနည်း
တရားအာရုံပြုဖို့ရန် အချိန်များစွာ ရစေခြင်း အကျိုးရှိသည်။
ညစာ စားခြင်းဖြင့် အင်အားပြည့်ဖြိုး၍ လောကီအာရုံ ကာမဂုဏ်ဘက်၌ စိတ်ညွတ်စေသည်။ ထို့ကြောင့် မေထုန်မူမှ ရှောင်ကြဉ်မူ 
အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းရာ၌ ခြောက်ပါးသီလ ထိန်းသိမ်းကြောင်း ပဉ္စင်္ဂုတ္တရပါဠိတော် ဂဝေသီသုတ်၌ လားရှိသည်။
ဓမ္မိကဥပါသကာ၊ နန္ဒမာတာတို့လည်း ဗြဟ္မစရိယငါးပါးသီလ၌ ၀ိကာလဘောဇနသိက္ခာပုဒ် ထည့်၍ ခြောက်ပါးသီလကို
အသက်ထက်ဆုံး ကျင့်သုံးကြကြောင်း လားရှိသည်။
ကာမရာဂ သံယောဇဉ် ကင်းပြတ်ပြီးသော ဆတ္တပါဏိဥပါသကာ၊ ၀ိသာခသူဌေးစသူတို့ကဲ့သို့ လူဝတ်ကြောင့် အနာဂါမ်များ
ဗြဟ္မစရိယသိက္ခာပုဒ်နှင့် ၀ိကာလဘောဇနသိက္ခာပုဒ်များ အလိုလို စောင့်စည်းပြီးဖြစ်ကြောင်း ကျမ်းဂန်တို့၌ ဆိုသည်။

၇။ နစ္စ ဂီတ ၀ါဒိတ သိက္ခာပုဒ် သိမှတ်ဖွယ်

နစ္စ = ကခြင်း

ကခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင် ကခုန်ခြင်း မပြုရ။ သူတပါးအား အကခိုင်းခြင်းလည်း မပြုရ၊ အောက်ထစ်ဆုံး
တိရစ္ဆာန်များကိုပင် အက မခိုင်းရ။ ကပွဲများကို သွားရောက်ကြည့်ရူခြင်းလည်း မပြုရ။ ခရီးသွာနေစဉ် လမ်းခရီး၌ ကပွဲများနှင့်
မတော်တဆ တိုက်ဆိုင်မိ၍ မကြည့်ချင် မြင်လျက်သား အဖြစ်မျိုးနှင့် ကြုံရ၍ ကြည့်မိ မြင်မိလျှင် ဤသိက္ခာပုဒ်သီလ မပျက်ချေ။

သို့ရာတွင် ယင်းသို့ ကြုံရသည်ကို တမင်တကာ အခွင့်အရေးယူပြီး ဆက်လက်ရပ်ကြည့်နေလျှင်မူ သီလ ပျက်တော့သည်။

ဂီတ = သီဆိုခြင်း

ကိုယ်တိုင်သီဆိုခြင်း သူတပါးကို သီဆိုခိုင်းခြင်း မပြုရ။ စည်းလိုက် ၀ါးလိုက် အသံကို ဆွဲငင်လျက် ပါဠိဂါထာများကို ရွတ်ဖတ်ခြင်း
ဓမ္မတေးကဗျာများကို ရွတ်ဆိုခြင်း မပြုရ။ ဘုရားရှိခိုးရာ တရားစာရွတ်ဆိုရာ၌ပင် သီချင်းသံပေါက် အောင်ဆွဲဆွဲငင်ငင် မဆိုရ။

ကိုယ်တိုင် မဆိုရုံသာမက သူတပါးကိုလည်း သီဆိုခိုင်းခြင်းမပြုရ။ သူတပါး သီဆိုသည်ကို သွားရောက်နားထောင်ခြင်း မပြုရ။ 
နားထောင်လျှင် သီလပျက်၏။ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေစဉ် သူတပါးက လာရောက်သီဆို၍ ကြားရရာ၌ကား 
သီလမပျက်ချေ။

ဝါဒိတ = တီးမူတ်ခြင်း

စည်း စောင်း ညှင်း ပတ်သာ စသော တူရိယာငါးမျိုးကို ကိုယ်တိုင်လည်း မတီးခတ်ရ။ သူတပါးကိုလည်း အတီးမခိုင်းရ။ 

တီးမူတ်သံကိုလည်း နားမထောင်ရ၊ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေလျက်က သီဆိုသံကို ကြားရခြင်းကြောင့် 
သီလပျက်စီးမူ မရှိချေ။ တမင်လွန်ကျူးမှသာ သီလပျက်၏။

ဝိသူကဒဿန = ဆန့်ကျင်ဘက်ကို ကြည့်ရူခြင်း

ကပြ သီဆို တီးမူတ်မူများသည် လောကအမြင်အားဖြင့် အနုပညာ တစ်ရပ်အဖြစ် ချီးကျူးဖွယ်ရာဖြစ်သော်လည်း
လောကုတ္တရာအမြင်အားဖြင့် ကြည့်သော် ကာမဂုဏ်အာရုံ ခံစားမူကို အားမြှောက် ပြုရာရောက်၏။ ထို့ကြောင့် နစ္စ ဂီတ ၀ါဒိတ အရ 
ကပြ သီဆို တီးမူတ်ခြင်းများကို ကြည့်ရူနားထောင်ခြင်းများသည် “၀ိသူကဒဿန - သာသနာတော်၏ ငြောင့်တံကျင်သဖွယ်ြ
ဖြစ်သော ကြည့်ရူနားထောင်မူ” ဟု ခေါ်၏။ (၀ိသူက = ဆန့်ကျင်ဘက် + ဒဿန = ကြည့်ရူနားထောင်ခြင်း)။

၈။ မာလာဂန္ဓ ၀ိလေပန  သိက္ခာပုဒ် သိမှတ်ဖွယ်

မာလာဓာရဏ = ပင်ပန်းခြင်း

ဥပုသ်စောင့်ချိန်၌ ပန်းပွင့် ပန်းခိုင် ပန်းကုံးများကို ပန်ဆင်ခြင်း၊ သူတပါးအား အပန်ခိုင်းခြင်းများ မပြုရ၊ ပြုလုပ်လျှင် သီလပျက်၏။

ဂန္ဓဓာရဏ = အမွှေးရနံ့ဆောင်ခြင်း

ရေမွှေး နံ့သာဆီ ဆွတ်ဖျန်းခြင်း၊ နံ့သာမူန့်(ပေါင်ဒါမူန့်) လိမ်းကျံခြင်း၊ ထုံမွှမ်းခြင်းများ မပြုလုပ်ရ။ သူတပါးအားလည်း မခိုင်းရ။
ပြုလုပ်လျှင် သီလပျက်စီးသည်။ အကြောင်းထူးမရှိဘဲ မွှေးကြိုင်သော ဆပ်ပြာမသုံးရ၊ ချွေးနံ့ပျောက်စေရန် မွှေးကြိုင်သော 
ဆပ်ပြာသုံးခြင်း၊ ပေါင်ဒါမူန့်ဖြူးခြင်းကိုမူ ခြွင်းချက် ပြုထားသည်။

ဂန္ဓ၀ိလေပန = နံ့သာနံ့သာပျောင်း သုံးစွဲခြင်း

အမွှေးရနံ့ကို နံ့သာဟုခေါ်၍ သနပ်ခါးရည် အလှဆီ မိတ်ကပ်တို့ကို နံ့သာပျောင်းဟု ခေါ်သည်။ ယင်း နံ့သာပျောင်းကို 
လိမ်းကျံခြင်း၊ ခြယ်သဖြင်း၊ နိမ့်ရာ၌ ဖို့သိပ်ခြင်း၊ မျက်နှာပေါင်းတင်ခြင်း၊ သူတပါးအား လိမ်းကျံခိုင်းခြင်းများ မပြုလုပ်ရ၊ ပြုလျှင် 
သီလပျက်စီး၏။

မဏ္ဍန = အလှပြင်ခြင်း

ကျောက်ပေါက်များ၊ မှဲ့ခြောက်၊ ၀က်ခြံ၊ တင်းတိပ်၊ ညှင်း စသည့် ပျောက်ကွယ်စေရန် ဆေးလိမ်းခြင်း၊ ဆံပင်အလှပြင်ခြင်း၊ 
တွန့်ခြင်း ကောက်ခြင်း၊ ပုံသွင်းခြင်း၊ လက်သည်း အလှပြင်ခြင်း၊ ခြေသည်းလက်သည်း ဆိုးခြင်း၊ နူတ်ခမ်းဆိုးခြင်း 
မျက်တောင်အတုတပ်ခြင်း၊ မျက်ခုံးမွှေးနုတ်ခြင်း၊ မျက်စိအရောင်ခြယ်(ကာခြယ်)ခြင်း စသည်ဖြင့် အလှပြင်ခြင်း မှန်သမျှကို 
မဏ္ဍနဟု ခေါ်သည်။ မည်သည့် အလှပြုပြင်ခြင်းမျိုးကိုမျှ မပြုရ။ ပြုလျှင် သီလပျက်၏။ သာမန်အားဖြင့် ခေါင်းဖြီးခြင်း 
လက်သည်းခြေသည်းရှည်၍ လှီးဖြတ်ခြင်းတို့မှာမူ အပြစ်မရှိ။ သီလမပျက်ချေ။
နံ့သာ နံသာပျောင်း မိတ်ကပ်တို့ဖြင့် တန်ဆာဆင်အလှပြင်ခြင်း၊ ဂန္ဓ(နံ့သာ)ဖြင့် အနံ့မွှေးအောင်၊ ၀ိလေပန(နံ့သာပျောင်း)ဖြင့် 
အသားအရေ လှပအောင် လိမ်းကျံခြယ်သခြင်း မပြုရ၊ ပြုလျှင် သီလပျက်၏။

ဤသိက္ခာပုဒ်လာ အမွှေးနံ့သာ ခြယ်လှယ်ပြုပြင်မူအားလုံးသည် ကာမဂုဏ်၌ အကြောင်းခံ၏။ ဥပုသ်စောင့်သုံးခြင်းသည် 
ထိုကာမဂုဏ်လောဘကို ပယ်သတ်ခြင်းဖြစ်၏။ ထိုအရာ အားလုံးကို ၀ိနည်းရှောင်သောအားဖြင့် ဥပုသ်သီလမယူမီ ကြိုတင်၍လည်း 
မပြုလုပ်ရချေ။

ဝိဘူသန = တန်ဆာဆင်ခြင်း

စိန် ရွှေ ငွေ လက်ဝတ် လက်စားများ ၀တ်ဆင်ခြင်း၊ အ၀တ်အထည်ကို သာမတန်ဝတ်ဆင်မူမျိုးမဟုတ်ဘဲ အလှအပ 
တန်ဆာဆင်သည့် အနေဖြင့် အဆင်ဆန်း ပုံဆန်း အ၀တ်များ ၀တ်ခြင်း၊ ဖိနပ်အလှစီးခြင်း၊ ထီးအလှဆောင်းခြင်း စသည်တို့သည် 
တန်ဆာဆင်မူဖြစ်၍ ပြုလုပ်လျှင် သီလပျက်၏။ ထို့ကြောင့် ဥပုသ်သည်များသည် အ၀တ်ကို ရိုးရိုးယဉ်ယဉ်မျှသာ ၀တ်ဆင်၍ သာမန် 
စီးနေကျဖိနပ် ဆောင်းနေကျ ထီးကို အသုံးပြုကြရမည်ဖြစ်သည်။ ၀တ်ဖြူ စင်ကြယ်၊ ယောဂီရောင်များကို ၀တ်ဆင်ခြင်းသည် 
အကောင်းဆုံးပင် ဖြစ်၏။

ဋ္ဌာန = အကြောင်းအရာ

ဤ ပန်းပန်မူစသော အလှပြင်တန်ဆာဆင်မူ အားလုံးသည် ကိလေသာ တဏှာတိုးပွားခြင်း၏ အကြောင်းရင်းဖြစ်၍
ရှောင်ကြဉ်ကြရခြင်း ဖြစ်သည်။

ရှစ်ပါးသီလသည် အမြဲတတ်နိုင်လျှင် အမြဲစောင့်ထိန်းသင့်ပြီး ရံခါတတ်နိုင်လျှင် ရံခါ စောင့်ထိန်းသင့်သော သီလဖြစ်သည်။ လူတို့နှင့် 
အထူးသင့်လျော်သော သီလဖြစ်သည်။

အထူးသဖြင့် ဤရှစ်ပါးသီလကို လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်၊ လပြည့်၊ လကွယ်နေ့များ၌ ဥပုသ်နေ့အဖြစ် 
သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့ရှိသည်။

ဤ ရှစ်ပါးသီလကို သာမန်စောင့်ရိုးစောင့်ရက်များတွင်သာမက အကြိုအပို စောင့်သုံးသောအားဖြင့် အဖိတ်နေ့ 
ဥပုသ်အထွက်နေ့များတွင်ပါ စောင့်သုံးလေ့ရှိသည်။ ဤရှစ်ပါးသီလကို ကျင့်သုံး ဆောက်တည်ခြင်းသည် -

- ဘုန်းတန်ခိုး အရှိန်အ၀ါ စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားစေနိုင်သည်။
- စကြာဝတေးမင်း ဧကန်ဖြစ်မည့် စကြာမင်းလောင်းသည်ပင် ရှစ်ပါးသီလဆောက်တည်မှသာ စကြာရတနာဆိုက်ရောက်ပြီး 
စကြာရတနာဆိုက်ရောက်ပြီး စကြ၀တေးမင်း အဖြစ်သို့ ရောက်ရှိနိုင်သည်။
- ဘ၀သံသရာ၌ ကောင်းရာသုဂတိသို့ ရောက်ရှိကာ လူ နတ်စည်းစိမ်း ချမ်းသာအမျိုးမျိုးကို အကြိမ်ကြိမ်ခံစားရပြီး မဂ်ဖိုလ် 
နိဗ္ဗာန်အထိ အဆင့်ဆင့်သော အကျိုးတရာများကို ရရှိနိုင်သည်။
- မျက်မှောက်ဘ၀တွင် လူတော်လူကောင်းတစ်ယောက်ဖြစ်ကာ အပြစ်ကင်းစင်၍ အများချစ်ခင် လေးစားမူ ယုံကြည်မူ 
အားထားမူကို ခံရသည်။
- ယခု ဘ၀တွင်ပင် စည်းစိမ်ဥစ္စာတို့ အစုလိုက် အပုံလိုက် တိုးတက် ကြီးပွားနိုင်သည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် စာအုပ်မှ 
ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment