ဒဿန(၂)
တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန်
ငွေစက္ကူလေးကိုကိုင်ပြီးတက်လာပါတယ် ။ ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ်
။ သူကမေးလိုက်တယ် “ ဒီ ဒေါ်လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”
လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။ အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ်
။
သူကဆက်ပြောတယ် ။ “ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို
ဒီငွေပေးဖို့ပါပဲ ဒါပေမယ့်ခဏစောင့်ပါဦး ” အဲဒီလိုပြောပြီး သူဟာ ဒေါ်လာ ၂၀ ကို တွ
န့်ခြေလိုက်တယ် ။ ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူလိုချင်ပါသေးလဲ
”
လက်တွေ လေထဲကို မြောက်တက်သွားကြတုန်းပါပဲ ။ “ ကောင်းပြီ
” သူက ဆက်ပြောတယ် “ ကဲ ဒီလိုဆိုရင်ရော ” သူကပြောပြောဆိုဆို ဒေါ်လာ ၂၀ ကို အောက်ကိုပစ်ချလိုက်တယ်
။ ပြီးတော့ ကြမ်းပြင်မှာ သူ့ခြေထောက်က ဖိနပ်နဲ့ နင်းခြေလိုက်တယ် ။ ဒေါ်လာ ၂၀ တန်စက္ကူဟာ
ညစ်ပတ်ပြီး အတော်လေးကို ရုပ်ဆိုးသွားတယ် ။ သူက ပြန်ကောက်လိုက်တယ် ။
“ ကဲ အခု ဘယ်သူလိုချင်ပါသေးလဲ ” စကားသံဆုံးဆုံးချင်းမှာပဲ
လက်တွေ အတော်များများ လေထဲမှာ မြောက်သွားကြတယ် ။
“ ကဲ ခင်ဗျားတို့အားလုံး အခုဆိုရင် အရမ်းကို တန်ဖိုးရှိတဲ့
သင်ခန်းစာတစ်ခုကိုရသွားကြပါပြီ ။ ကျွန်တော်ငွေစက္ကူကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့
လိုချင်နေကြတုန်း ။ ဘာကြောင့်လည်းဆိုတော့ ငွေစက္ကူရဲ့တန်ဖိုးမပြောင်းလဲသွားလို့ပါ ဒေါ်လာ
၂၀ တန်နေတုန်းပါပဲ ”
ကျွန်တော်တို့ ဘ၀တွေမှာ အကြိမ်များစွာ ကျဆုံးခဲ့ခြင်း ၊
နင်းခြေခံရခြင်း နဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ဓါတ်နဲ့
တန်ဖိုးတွေဟာ မြေကြီးပေါ်မှာလို ညစ်ပတ်နေခဲ့ရတယ် ။
တခါတရံမှာ ကျွန်တော်တို့ဟာ ဘ၀ဟာ တန်ဖိုးမရှိဘူး ငါဟာ ဘာမှအသုံးမကျဘူး
စသဖြင့် အမျိုးမျိုးတွေးတတ်ကြတယ် ။ ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ
--- သင့်ရဲ့တန်ဖိုးကို သင် ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့ ။ သင်ဟာ တကယ်တော့ သိပ်အဖိုးတန်တဲ့
လူသားပါ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့ ။
(From Facebook)
No comments:
Post a Comment