Monday 3 September 2012

ဘုရားရှင် ၏ ရောင်ခြည်တော်ခြောက်သွယ်

ဘုရားရှင် ၏ ရောင်ခြည်တော်ခြောက်သွယ်
နီလ --- ပဌာနံ နက်နဲထူးဆန်း ပဌါန်းကျမ်းကို သမ္မသန္တဿ အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ဧ၊် နီလာ - ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တစ်ခို စိမ်းညိုသော အရပ်ဌာနမှ ၊ နီလာ - ကြာညို ခွါညို ရတနာအညိုကဲ့သို့ စိမ်းတစိုစိ...ု မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည် ၊ နိစ္ဆရန္တိ - နေအရောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျင် အဆန်းတကြယ် ကွန့်မြူးတော် မူကြလေကုန်ဧ၊်။
ပီတ ---- ပီတာစ သိင်ဂီရွှေလှော် အရေတော်မှလည်း ၊ ပီတာ - မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပ၀င်းကုန်သော ၊ ရံသိယော ၀ါရောင်ဝင်းလျှပ် ရွှေသောရောင်ခြည်ဓါတ်တို့သည် နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျင် အဆန်းတကြယ်ကွန့်မြူး တော်မူကြလေကုန်ဧ၊်။

လောဟိတ ---- လောဟိတာ အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖ၀ါး လက်ဖ၀ါး စသော ကိုယ်တော်အစိတ်စိတ်မှ ၊ လောဟိတာ - ခေါင်ရမ်း နှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်းရှိကုန်သော ၊ အာဘာ - နီရောင်ဝင်းလျှပ် နီသောရောင်ခြည် ဓါတ်တို့သည် ၊ နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်ဧ၊် ။

သြဒါတ ---- သြဒါတာ စွယ်တော် သွားတော် မျက်ဖြူတော် အစုံ ဥဏ္ဏလုံမွေးရှင်တော်ဓာတ်မှ သြဒါတရံသိယော - စံပယ် ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေတုန်းဘော်စိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓာတ် တ...ို့သည် နိစ္ဆရန္တိ - နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမို၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူ ကြလေကုန်ဧ၊် ။

မဉ္စိဌ ---- တမှာ တမှာ အထက်ဆံဖျားတော် တစ်လျှောက်မှ အောက်ခြေဖ၀ါးတော် တစ်ခို ထိုထို ထိုထို ကိုယ်တော် အစိတ်စိတ်မှ ၊ မဉ္စိဌာစ - ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေေ၀တပြောင်ပြောင် သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်တို့သည် လည်းကောင်း ....

ပဘဿရာစ ---- နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလျှက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည် လည်းကောင်း ၊ ပဘာသန္တိ - နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြ လေကုန်၏ ။

No comments:

Post a Comment