Tuesday, 12 February 2013

Football Manager Handheld 2013 v4.1

Android မှာ ဘောလုံးမန်နေဂျာ ဆော့ချင်တဲ့ သူတွေအတွက်ပါ...
အမျိုးကောင်းသား မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုကို ဟန့်တားနိုင်

နနွင်းမှုန့်ကို နှစ်ပေါင်းများစွာကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။ အခု ဂျာမနီနိုင်ငံက လေ့လာမှုအရလည်း နနွင်းဟာ ကင်ဆာပြန့်ပွားမှုကို တားမြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လေ့လာမှုအရ နနွင်းဟာ သားမြတ်ကင်ဆာရှိသူတွေကို အဆုတ်အတွင်း ပြန့်ပွားမှု မရှိအောင် တားမြစ်နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဟာ နာတာရှည် ရောင်ရမ်းမှုကြောင့် ဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ်၏အံ့မခန်းလှည့်ကွက်များ

၁)    သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂)        လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

Wednesday, 6 February 2013

Mobile VOIP

Rynga, Smart VOIP, Action VOIP,.....စတဲ့ အင်တာနက်မှ အကောင့်ဝယ်ဆက်တဲ့ဖုန်းတွေကို Android Phone ကနေ ဆက်ချင်ရင် ဒီကောင်လေး ဖုန်းမှာတင်ပြီး ဆက်လို့ရပါတယ်..
လိုတဲ့သူများအောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

Saturday, 2 February 2013

Note Everything 4.2.8

Android ဖုန်းထဲမှာ Note လေးတွေမှတ်ကြမယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

Friday, 1 February 2013

Smart Tools 1.5.3

Smart Tools တဲ့...ပုံမှာပြထားတဲ့ဟာလေးတွေအကုန်သုံးလို့ရပါတယ်... သုံးနည်းလေးလဲဆော့ဝဲလ်မှာတစ်ခါတည်းပါပြီးသားပါ...
ကျွန်တော်ကတော့အရပ်မျက်နှာခဏခဏမှားတတ်လို့ compass လေးကိုတော်တော်ကြိုက်တယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

Check Balance v1.5.5

Android ဖုန်းတွေမှာ အောက်က apk လေးကို install လုပ်ပြီး Icon လေးပေါ် တစ်ချက် click လိုက်တာနဲ့ လက်ကျန်ငွေကို ပြပေးပါလိမ့်မယ်... အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

Friday, 18 January 2013

၂၀သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်က ဗုဒ္ဓအလောင်းတော်နှင့် ဗုဒ္ဓ၀င်အစ

ဤဘဒ္ဒကမ္ဘာမှရေတွက်သော် ကမ္ဘာပေါင်း၂၀သင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်
ပေါရာဏဒီပင်္ကရာဗုဒ္ဓ ပွင့်သည့်ကာလတွင်
ဂေါတမဗုဒ္ဓလောင်းလျာသည် ဘုရင်သမီးတော် (အမျိုးသမီး)ဘ၀၌
ဖြစ်ခဲ့သည်။

ပေါရာဏဒီပင်္ကရာဗုဒ္ဓ၏ လူ့ဘ၀က နှမတော်လည်းဖြစ်သည်။ မင်းသမီးသည် တစ်နေ့သော ညနေအခါတွင် ဆီးမီးအလို့ငှာ မုန့်ညှင်းဆီကိုအလှူခံနေသော ရဟန်းတော်တစ်ပါးအား မုန့်ညှင်းဆီလှူဒါန်းပြီး ဗုဒ္ဓဖြစ်ရန်ဆုပန်ခဲ့သည်။
ပေါရာဏဒီပင်္ကရာဗုဒ္ဓက ဂေါတမဗုဒ္ဓလောင်းလျာမင်းသမီးအား ယောက်ျားဘ၀ကိုအရင်ဆုတောင်းရန်ညွန်ကြားခဲ့သည်။

မင်းသမီး လောင်းလှူလိုက်သော ဆီးမီးကို အလှူခံသောရဟန်းတော်သည် ဒီပင်္ကရာဗုဒ္ဓကဲ့သို့ဗုဒ္ဓဖြစ်ရန်ဆုတောင်းခဲ့ရာ-" ဗုဒ္ဓက ထိုရဟန်းတော်အား နောင် ၁၆-သင်္ချေ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်တော်မူပြီးနောက် ဒီပင်္ကရာဗုဒ္ဓ (၀ီရိယ ဓိက) သုမေဓာရှင်ရသေ့အား ဗျာဒိန်ပေးတော်မူမည့် ဘုရားတစ်ဆူ ဖြစ်လာမည် " ဟုဗျာဒိတ်ပေးခဲ့သည်။ မင်းသမီးသည် ဗျာဒိတ်ရ ရဟန်းတော်ထံတွင်နောက်နေ့၌ မုန့်ညှင်းဆီ ဒါနပြုပြီးယောက်ျားဘ၀ကိုဆုပန်ခဲ့သည်။ မင်းသမီးသည် ဒီပင်္က ရာဗုဒ္ဓလောင်းလျာရဟန်းတော်နှင့်အတူအသက်ထက်ဆုံး ဒါန၊ သီလ၊ ဘာဝနာမှုပြုကာ ပါရမီအတူဖြည့်တော်မူခဲ့သည်။

Saturday, 12 January 2013

ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။