Sunday, 30 September 2012

VLC Player

Internet မှာ Download ချထားတဲ့ video file လေးတွေကိုကြည့်လို့အကောင်းဆုံး player လေးပါ...
မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်...
အဆင်ပြေကြပါစေခင်ဗျာ...

Friday, 28 September 2012

ဆေးဖက်ဝင် သင်္ဘောရွက်


သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံးသည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီး မသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။
အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။ အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။

၃၈ဖြာမင်္ဂလာ(၁၉)

( ၁၉ ) မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း
မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခ ဆရာကြီးတစ်ဦး ရှိသည်။ သူသည် ပညာလည်းရှိသည်။ အကျင့်သီလလည်း ကောင်းသည်။ သူ့ထံသို့ အမျိုးကောင်းသား လုလင်များစွာတို့သည် လာရောက် အတတ်သင်ကြသည်။ ဆရာကြီးတွင် လှပယဉ်ကျေးသော သမီးပျိုကလေးတစ်ဦး ရှိသည်။ တစ်နေ့တွင် ဆရာကြီးက-တပည့် လုလင်တို့ကို ကိုယ်ကျင့်တရား ကောင်း-မကောင်း ငါစူးစမ်းမည်။ သူတို့အထဲမှ ကိုယ်ကျင့်တရား ကောင်းသူကို ငါ့သမီးနှင့် လက်ဆက်ပေးမည်-ဟူ၍ ကြံစည်သည်။

IDM 6.12 Build 21 (27.09.2012)

မနေ့ကကျွန်တော်build 20တင်နေတုန်းပဲထပ်ထွက်လာတာထင်တယ်...
build 21လေးပါ...updateသုံးချင်ရင်ပေါ့...

Thursday, 27 September 2012

IDM 6.12 Build 20 (26.09.2012)

ကျွန်တော်ကြားထဲမှာBuild 18 နဲ့ 19 ကိုမတင်ဖြစ်လိုက်ခဲ့ဘူး...
အခုမှပဲ Build 20 ကိုတင်ပေးလိုက်ပါတယ်...

သရဏဂုံပျက်ခြင်း နှင့် နတ်ကိုးကွယ်ခြင်းအကြောင်း

သရဏဂုံပျက်ခြင်း နှင့် နတ်ကိုးကွယ်ခြင်းအကြောင်း
သရဏဂုံအကြောင်းလေး သိသင့်တယ်ထင်လို ဆွေးနွေးတဲ့သဘောလေးနဲ့ ရေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အဓိကအနှစ်သာရ.. အဓိကအသက်ဟာ သရဏဂုံပါပဲ။ အခြားဘာသာတွေမှာ သူတို့ဘာသာထဲဝင်ရင် အခမ်းအနားတွေဘာတွေ လုပ်ပြီးမှ သူတို့ဘာသာထဲဝင်ရပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာမှာလည်း ရှိပါတယ်။ အဲ့ဒါကတော့ အခမ်းအနားတွေနဲ့တော့ မဟုတ်ပါဘူး.. သရဏဂုံသုံးပါးကို ပါးစပ်ကနေရွတ်ပြီး စိတ်ကဦးညွတ်လိုက်တာပါပဲ။ အဲ့လိုစိတ်ညွတ်လိုက်ပြီးပြီ ဆိုရင်တော့ အဲ့လူဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။

Sunday, 23 September 2012

၃၈ဖြာမင်္ဂလာ(၁၈)

( ၁၈ ) မကောင်းမှုကို ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း
မကောင်းမှုကို ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် ကောင်းမြတ်သောမင်္ဂလာ ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

တစ်ရံရောအခါ မိခင်တစ်ဦးသည် ခင်ပွန်းသေဆုံးသဖြင့် သား-လုလင်နှစ်ယောက်ကို အားကိုးအားထားပြု၍ နေထိုင်သည်။ သားနှစ်ယောက်သည်လည်း မိခင်ကို ရိုသေစွာ လုပ်ကျွေးပြုစုကြသည်။

ကွန်ပျူတာတစ်လုံးအကြောင်းအခြေခံသိသင့်သည်များ

ညီလေးတစ်ယောက်ဆီကရလာတာပါခင်ဗျာ…ဒါလေးဒေါင်းပြီး Hello Computer ဆိုတဲ့ဖိုင်လေးကိုရမ်းလိုက်ပါ…အောက်ကပုံလေးမှာပြထားတဲ့ Chapter လေးတွေကိုထောက်ပြီး
ကွန်ပျူတာနဲ့ပတ်သတ်တဲ့သိသင့်စရာအခြေခံလေးတွေကိုသင်ယူနိုင်ပါတယ်…
တော်တော်လေးကောင်းပါတယ်…

Friday, 21 September 2012

C Cleaner for your PC

ကွန်ပျူတာလေးပိုမြန်လာအောင်မလိုတဲ့ဟာလေးတွေကို
C Cleanerလေးနဲ့ရှင်းရအောင်...
Freeware လေးပါ...
Spywareတွေကိုလဲ100%ရှင်းပေးပါတယ်တဲ့...
သူများတွေလဲတင်ပြီးသားတွေပါ...
ကျွန်တော့်Blogလေးမှာလဲရှိထားရအောင်လို့မျှလိုက်ပါတယ်ခင်ဗျာ...

၃၈ဖြာမင်္ဂလာ(၁၇)

( ၁၇ ) အပြစ်မရှိသော ကောင်းမှုကို ပြုခြင်း
အပြစ်မရှိသော ကောင်းမှုကို ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြေင်းတစ်ရပ် ဖြစ်သည်။
(အပြစ်မရှိသော ကောင်းမှုများကား ဥပုသ်စောင့်ခြင်း၊ ဝေယျာဝစ္စပြုခြင်း၊ အများအရိပ်နားခိုနိုင်ရန် သစ်ပင်စိုက်ခြင်း၊ အများသုံးရန် ဥယျာဉ်တည်ခြင်း၊ တံတားဆောက်ခြင်း၊ လမ်းပြင်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသည့် ကောင်းမှုအလုပ်များး ဖြစ်ကြောင်း သပြေကန်ပရိတ်ကြီး နိဿယသစ်၌ ဖော်ပြထားသည်။)

တစ်ခါသော် မဂဓတိုင်း ရာဇဂြိုဟ်ပြည် မစလရွာ၌ မာဃအမည်ရှိသော လုလင်တစ်ယောက်ရှိသည်။ သူသည် ငါးပါးသီလမြဲသည်။ အလှူဒါနတို့၌ မွေ့လျော်သည်။ သူ့တွင် စိတ်တူကိုယ်မျှ ရှိကြသော အဖော်လုလင် သုံးကျိပ်သုံးယောက်တို့ ရှိသည်။