Tuesday, 27 November 2012

အင်တာနက်မြန်နှုန်းမြှင့်ပေးတဲ့ Throttle 6

အင်တာနက်မြန်နှုန်းမြှင့်ပေးတဲ့ 
Throttle 6.11.26.2012 လေးပါ... software ကို install လုပ်ပြီး C:\Program Files\Throttle 
ထဲကို Patch File လေးကူးထည့်လိုက်ပါ... Patch File လေးကို run လိုက်ပြီး Patch ကိုနှိပ်လိုက်ပါ...
Can't Find ဆိုတဲ့ Error လေးပြရင် Yes ကိုနှိပ်ပေးပါ... ပြီးရင် Throttle.exe လေးကိုရွေးပြီး 
open လုပ်ပေးလိုက်ပါ... ပြီးရင် Patch File ကို Exit လုပ်လိုက်ပါ...Full Version ဖြစ်သွားပါပြီ...
ပြီးတာနဲ့ ကိုယ်သုံးတဲ့ Network အလိုက်ရွေးပြီး အသုံးပြုနိုင်ပါတယ်... Restart ကျပြီးသွားရင်အဆင်ပြေသွားပါလိမ့်မယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

Monday, 26 November 2012

HTML & CSS (PDF)

Internet ပေါ်မှာ Web Page တွေကိုဖန်တီးတည်ဆောက်ဖို့ နည်းပညာဆိုင်ရာ
Programming မြန်မာလိုစာအုပ်လေးပါ...
လေ့လာချင်သူများအတွက်
အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

Net Speeder V45 Build850 + Serial

Internet speed ကို 300% လောက်ပိုမြန်စေတဲ့ software လေးပါ...
serial key လေးလည်းပါပါတယ်...http://www.pyaephyo.com/ဆီကပါ...
အောက်မှာဒေါင်းလိုက်ပါ...

Root for many android phone & tablet

Android Phone and Tablet အမျိုးပေါင်း ၂၄၀၀ ကျော်ကို
Root လုပ်ပေးနိုင်တဲ့ဆော့လ်ဝဲ နဲ့ user guide pdf လေးပါ... 
http://www.tramyanmar.net/ဆီကပါ...
သဘောကျလို့ပြန်မျှပေးလိုက်တာပါ...

အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

Sunday, 25 November 2012

အံ့သြဖွယ်ရာ သခွါးသီး အစွမ်းများ

၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

Friday, 23 November 2012

တစ်ဘဝ သာသနာ ( PDF )

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့
တစ်ဘဝ သာသနာ PDF လေးပါ...
အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ

Hachiko အမည်ရ ခွေးကတော့ ကမ္ဘာကျော်ခွေးပဲ ဖြစ်ပါတယ်။ ယင်းခွေးကို အခြေခံလို့ ဂျပန်ရုပ်ရှင်၊ ဟောလိဝုဒ်ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။ သခင် သေဆုံးတာ ၉ နှစ်ကြာသွားပေမယ့် ဘူတာမှာ အမြဲသွားစောင့်နေခဲတဲ့ ခွေး ဖြစ်ပါတယ်။

သူ့သခင်ကတော့ ၁၉၂၄ ခုနှစ်ကစလို့ တိုကျိုတက္ကသိုလ်မှ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပြီး နေ့စဉ် ရထားစီးပြီး သွားပါတယ်။ ပြန်လာတိုင်း သူ့ခွေးလေး ဟတ်ချီကို က ဘူတာနား လာလာစောင့်ပြီး ကြိုပါတယ်။ ၁၉၂၅ မေလ မှာတော့ ပရော်ဖက်ဆာဟာ ဦးနှောက်ထဲ သွေးယိုပြီး ကွယ်လွန်ခဲ့ပါတယ်။ ရထားနဲ့တောင် အိမ်ပြန်မလာနိုင်တော့ပါဘူး။ ခွေးလေး ကတော့ သခင် လာမယ်အမှတ်နဲ့ နေ့တိုင်း ဘူတာမှာ လာစောင့်ပါတယ်။

၃၈ဖြာမင်္ဂလာ(၃၇)

(၃၇ ) အလိုရမ္မက် ကင်းခြင်း
အလိုရမ္မက်ကင်းခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဘုရင်တစ်ပါးစိုးစံသည်။ ထိုဘုရင်တွင် သားတော် ၂-ပါး ရှိရာ သားအကြီးကို အိမ်ရှေ့အရာ ပေးထားသည်။ တစ်နေ့တွင် ဘုရင်နတ်ရွာစံရာ မှူးမတ်တို့သည် သားတော်ကြီးကို ဘုရင်အဖြစ် မြှောက်ကြသည်။ သားတော်ကြီးက ဘုရင်အဖြစ်ကို ငြင်းပယ်လိုက်သည်။ ညီငယ်အား ထီးနန်းကိုပေး၍ နယ်စွန်နယ်ဖျားအရပ်သို့ သွားရောက်နေထိုင်သည်။

Thursday, 22 November 2012

ကြွက်ဘာကြောင့်တက်ရသလဲ

လူတိုင်းတချိန်ချိန်မှာကြွက်တက်ဖူးမှာပါ ဘာကြောင့် ကြွက်တက်ရတယ်ဆိုတာရယ် ကြွက်တက်လာရင် ဘယ်လိုလုပ်
ကြမလည်း ...? ဘယ်လိုကာကွယ်နိုင်လည်းဆိုတာ ဖတ်ကြည့်ကြရအောင်။
ဘောလုံး ကန်ဘူးတဲ့သူတွေတင် မကဘူး၊ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။

အတွေး

ရာသီဥတုက အေးစိမ့်နေတော့ လိပ်ကလေးလည်း ခေါင်းကိုဖွက်ပြီး အိပ်နေတယ် ။ ခလေးမလေးက သူ့ရဲ့ ကစားဖေါ် လိပ် ကိုခေါ်မရလို့ ခေါင်းထုတ်လာအောင် တုတ်နဲ့ ရိုက်နှက်လေတယ် ။ လိပ်က ခေါင်းမထုတ်လေ ခလေးမလေးကလည်း ဒေါသတကြီးနဲ့ အော်ဟစ်ပြီးရိုက်နှက်လေပဲ ။ ဒီအဖြစ်အပျက်ကို ဖခင် မြင်တော့ သမီးလေးကို ခေါ်လိုက်တယ် ။ ဘာလို့ စိတ်တိုနေတာလဲ သမီး လို့မေးတော့ ခလေးမလေးက လိပ်ကို ခေါ်မရလို့ ဆိုပြီးပြန်ဖြေတယ် ။ ဖခင်က ပြုံးပြီး မီးလင်းဖိုကို မီးမွှေးရင်း သမီးကို အနားမှာ ခေါ်ထိုင်စေတယ် ။

တအောင့်ကြာတော့ လိပ်က တရွေ့ရွေ့နဲ့ အနွေးဓါတ်ရှိရာ မီးလင်းဖိုအနားကို ချဉ်းကပ်လာခဲ့တယ် ။

အဲဒီအခါ ဖခင်က ပြုံးပြီး သမီးလေး “လူသားတွေလည်း ဒီလိပ် လိုပါပဲ ။ သမီးလေး ဖြစ်ချင်တာကို ချစ်ခြင်းဂရုဏာနဲ့ နွေးထွေးမှုပေးပြီး ခေါ်ယူပါ ။ သမီးလည်း နွေးထွေးရသလို သူလည်း နွေးထွေးလာလိမ့်မယ် ။ ဖြစ်ချင်တာကို တုတ်နဲ့ရိုက်နှက်ပြီး မခေါ်ယူပါနဲ့ ။ သမီးလည်း ပူလောင်ရသလို သူလည်းနာကျင် ရုံပဲရှိမယ်။”

(From This Link)