Wednesday, 26 December 2012

မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာ ပြက္ခဒိန်

http://www.amyokaungtarr.com/ဆီကနေ share ခဲ့တာပါ...
ကွန်ပျူတာမှာ install လုပ်ပြီးကြည့်ရတဲ့ ပြက္ခဒိန်လေးပါ...
မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာ နဲ့ ပြပါတယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...3Mbပဲရှိပါတယ်...

Tuesday, 25 December 2012

English Grammer

English Grammer စာအုပ်လေးပါ...http://www.amyokaungtarr.com/
ကနေရှယ်လိုက်တာပါ...လေ့လာချင်တဲ့သူတွေအတွက်တော့စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

Monday, 24 December 2012

၃၈ဖြာမင်္ဂလာ(၃၈)

(၃၈) ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်း
ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
ရှေးသရောအခါ ရာဇဂြိုလ်မြို့တော်၌ ဥဂ္ဂသေန အမည်ရှိသော သူဌေးသားတစ်ယောက်ရှိသည်။ တစ်နေ့တစ်၌ ကချေသည် ငါးရာတို့သည် ၄င်းမြို့ ၌ စံမြန်းသော ဗိမ္ဗိသာရမင်းကြီးထံ လာရောက်ကပြဖြေဖျော်ကြသည်။ ထိုအထဲတွင် ကချေသည်မတစ်ယောက်သည် လွန်စွာလှပချောမောရာ ဥဂ္ဂသေနသည် ချစ်ကြိုက်သွားလေသည်။

Tuesday, 27 November 2012

အင်တာနက်မြန်နှုန်းမြှင့်ပေးတဲ့ Throttle 6

အင်တာနက်မြန်နှုန်းမြှင့်ပေးတဲ့ 
Throttle 6.11.26.2012 လေးပါ... software ကို install လုပ်ပြီး C:\Program Files\Throttle 
ထဲကို Patch File လေးကူးထည့်လိုက်ပါ... Patch File လေးကို run လိုက်ပြီး Patch ကိုနှိပ်လိုက်ပါ...
Can't Find ဆိုတဲ့ Error လေးပြရင် Yes ကိုနှိပ်ပေးပါ... ပြီးရင် Throttle.exe လေးကိုရွေးပြီး 
open လုပ်ပေးလိုက်ပါ... ပြီးရင် Patch File ကို Exit လုပ်လိုက်ပါ...Full Version ဖြစ်သွားပါပြီ...
ပြီးတာနဲ့ ကိုယ်သုံးတဲ့ Network အလိုက်ရွေးပြီး အသုံးပြုနိုင်ပါတယ်... Restart ကျပြီးသွားရင်အဆင်ပြေသွားပါလိမ့်မယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

Monday, 26 November 2012

HTML & CSS (PDF)

Internet ပေါ်မှာ Web Page တွေကိုဖန်တီးတည်ဆောက်ဖို့ နည်းပညာဆိုင်ရာ
Programming မြန်မာလိုစာအုပ်လေးပါ...
လေ့လာချင်သူများအတွက်
အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

Net Speeder V45 Build850 + Serial

Internet speed ကို 300% လောက်ပိုမြန်စေတဲ့ software လေးပါ...
serial key လေးလည်းပါပါတယ်...http://www.pyaephyo.com/ဆီကပါ...
အောက်မှာဒေါင်းလိုက်ပါ...

Root for many android phone & tablet

Android Phone and Tablet အမျိုးပေါင်း ၂၄၀၀ ကျော်ကို
Root လုပ်ပေးနိုင်တဲ့ဆော့လ်ဝဲ နဲ့ user guide pdf လေးပါ... 
http://www.tramyanmar.net/ဆီကပါ...
သဘောကျလို့ပြန်မျှပေးလိုက်တာပါ...

အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

Sunday, 25 November 2012

အံ့သြဖွယ်ရာ သခွါးသီး အစွမ်းများ

၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

Friday, 23 November 2012

တစ်ဘဝ သာသနာ ( PDF )

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့
တစ်ဘဝ သာသနာ PDF လေးပါ...
အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ

Hachiko အမည်ရ ခွေးကတော့ ကမ္ဘာကျော်ခွေးပဲ ဖြစ်ပါတယ်။ ယင်းခွေးကို အခြေခံလို့ ဂျပန်ရုပ်ရှင်၊ ဟောလိဝုဒ်ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။ သခင် သေဆုံးတာ ၉ နှစ်ကြာသွားပေမယ့် ဘူတာမှာ အမြဲသွားစောင့်နေခဲတဲ့ ခွေး ဖြစ်ပါတယ်။

သူ့သခင်ကတော့ ၁၉၂၄ ခုနှစ်ကစလို့ တိုကျိုတက္ကသိုလ်မှ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပြီး နေ့စဉ် ရထားစီးပြီး သွားပါတယ်။ ပြန်လာတိုင်း သူ့ခွေးလေး ဟတ်ချီကို က ဘူတာနား လာလာစောင့်ပြီး ကြိုပါတယ်။ ၁၉၂၅ မေလ မှာတော့ ပရော်ဖက်ဆာဟာ ဦးနှောက်ထဲ သွေးယိုပြီး ကွယ်လွန်ခဲ့ပါတယ်။ ရထားနဲ့တောင် အိမ်ပြန်မလာနိုင်တော့ပါဘူး။ ခွေးလေး ကတော့ သခင် လာမယ်အမှတ်နဲ့ နေ့တိုင်း ဘူတာမှာ လာစောင့်ပါတယ်။

၃၈ဖြာမင်္ဂလာ(၃၇)

(၃၇ ) အလိုရမ္မက် ကင်းခြင်း
အလိုရမ္မက်ကင်းခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဘုရင်တစ်ပါးစိုးစံသည်။ ထိုဘုရင်တွင် သားတော် ၂-ပါး ရှိရာ သားအကြီးကို အိမ်ရှေ့အရာ ပေးထားသည်။ တစ်နေ့တွင် ဘုရင်နတ်ရွာစံရာ မှူးမတ်တို့သည် သားတော်ကြီးကို ဘုရင်အဖြစ် မြှောက်ကြသည်။ သားတော်ကြီးက ဘုရင်အဖြစ်ကို ငြင်းပယ်လိုက်သည်။ ညီငယ်အား ထီးနန်းကိုပေး၍ နယ်စွန်နယ်ဖျားအရပ်သို့ သွားရောက်နေထိုင်သည်။

Thursday, 22 November 2012

ကြွက်ဘာကြောင့်တက်ရသလဲ

လူတိုင်းတချိန်ချိန်မှာကြွက်တက်ဖူးမှာပါ ဘာကြောင့် ကြွက်တက်ရတယ်ဆိုတာရယ် ကြွက်တက်လာရင် ဘယ်လိုလုပ်
ကြမလည်း ...? ဘယ်လိုကာကွယ်နိုင်လည်းဆိုတာ ဖတ်ကြည့်ကြရအောင်။
ဘောလုံး ကန်ဘူးတဲ့သူတွေတင် မကဘူး၊ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။

အတွေး

ရာသီဥတုက အေးစိမ့်နေတော့ လိပ်ကလေးလည်း ခေါင်းကိုဖွက်ပြီး အိပ်နေတယ် ။ ခလေးမလေးက သူ့ရဲ့ ကစားဖေါ် လိပ် ကိုခေါ်မရလို့ ခေါင်းထုတ်လာအောင် တုတ်နဲ့ ရိုက်နှက်လေတယ် ။ လိပ်က ခေါင်းမထုတ်လေ ခလေးမလေးကလည်း ဒေါသတကြီးနဲ့ အော်ဟစ်ပြီးရိုက်နှက်လေပဲ ။ ဒီအဖြစ်အပျက်ကို ဖခင် မြင်တော့ သမီးလေးကို ခေါ်လိုက်တယ် ။ ဘာလို့ စိတ်တိုနေတာလဲ သမီး လို့မေးတော့ ခလေးမလေးက လိပ်ကို ခေါ်မရလို့ ဆိုပြီးပြန်ဖြေတယ် ။ ဖခင်က ပြုံးပြီး မီးလင်းဖိုကို မီးမွှေးရင်း သမီးကို အနားမှာ ခေါ်ထိုင်စေတယ် ။

တအောင့်ကြာတော့ လိပ်က တရွေ့ရွေ့နဲ့ အနွေးဓါတ်ရှိရာ မီးလင်းဖိုအနားကို ချဉ်းကပ်လာခဲ့တယ် ။

အဲဒီအခါ ဖခင်က ပြုံးပြီး သမီးလေး “လူသားတွေလည်း ဒီလိပ် လိုပါပဲ ။ သမီးလေး ဖြစ်ချင်တာကို ချစ်ခြင်းဂရုဏာနဲ့ နွေးထွေးမှုပေးပြီး ခေါ်ယူပါ ။ သမီးလည်း နွေးထွေးရသလို သူလည်း နွေးထွေးလာလိမ့်မယ် ။ ဖြစ်ချင်တာကို တုတ်နဲ့ရိုက်နှက်ပြီး မခေါ်ယူပါနဲ့ ။ သမီးလည်း ပူလောင်ရသလို သူလည်းနာကျင် ရုံပဲရှိမယ်။”

(From This Link)

IDM 6.12 Build 26 (21.11.2012)

IDM build 26 လေးပါ...
အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

၃၈ဖြာမင်္ဂလာ(၃၆)

( ၃၆ ) စိုးရိမ်ပူဆွေးမှု မရှိခြင်း
ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီမြို့တံခါးအနီးရှိ ရွာ၌ ပုဏ္ဏားမျိုးနွယ်ဝင် လယ်သမားဇနီးမောင်နှံ နေထိုင်ကြသည်။ သူတို့တွင် သား-ချွေးမ သမီးနှင့် အိမ်ဖော်မိန်းမနှင့်အတူ နေထိုင်ကြသည်။ အားလုံးပင် လယ်ယာလုပ်ငန်းကို စုပေါင်းလုပ်ကိုင်ကြသည်။

Thursday, 15 November 2012

IDM 6.12 Build 25 (14.11.2012)

IDM 6.12 Build 25 အသစ်လေးပါ... 
အောက်မှာဒေါင်းနိုင်ပါတယ်...


Sunday, 11 November 2012

လိမ္မော်သီး(၃)လုံး


ဆင်းရဲသား တစ်ယောက်က လိမ္မော်သီး သုံးလုံး ၀ယ်လာတယ် ။

ပထမ တစ်လုံးကို အခွံခွါလိုက်တဲ့ အခါမှာ ပုပ်နေလို့ ပစ်လိုက်တယ် ။

ဒုတိယ တစ်လုံးကို အခွံခွါတဲ့ အခါမှာ လည်း ပုပ်နေလို့ ပစ်လိုက်ရတယ် ။

တတိယ တစ်လုံးမှာ ကျတော့ မီးကို အရင် မှိတ်လိုက်တယ် ။

ပြီးနောက် အခွံခွါပြီး စားလိုက်လေတယ် ။

( တစ်ခါတစ်ရံမှာ တော့ အခြေအနေအရ မသိချင်ယောင်ဆောင် လိုက် ရတာတွေ ရှိကြပါတယ် )

( From This Link )

Friday, 9 November 2012

၃၈ဖြာမင်္ဂလာ(၃၅)

( ၃၅ ) လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း
လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အုပ်စိုးသော ဗာရာဏသီမင်းဝယ် သားတော်တစ်ပါး ရှိသည်။ ဗြဟ္မဒတ်ဟု အမည်တွင်သည်။ ဗြဟ္မဒတ်မင်းသားသည် အခြံအရံ ပေါများလှသဖြင့် မင်းကြီးသည် မယုံသင်္ကာ ဖြစ်လာသည်။ မိမိ၏နန်းကို လုယူလိမ့်မည်ဟူ၍ စိုးရိမ်လာသည်။ သို့ဖြင့် မင်းသားကို တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်လေသည်။

IDM 6.12 Build 23 (26.10.2012)

IDM(26.10.2012)ပါ...
ထွက်တာတောင်တော်တော်ကြာသွားပါပြီ...
ခုမှပဲကျွန်တော့်Blogမှာပြန်တင်ဖြစ်တယ်...

အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

ဘာသာကြီးလေးခု အနှစ်သာရများ.pdf

ဖတ်ရှုလေ့လာသင့်တဲ့စာအုပ်တစ်အုပ်ပါ...


အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ

Wednesday, 7 November 2012

၃၈ဖြာမင်္ဂလာ(၃၄)

(၃၄) နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ရံသောအခါ သာဝတ္ထိမြို့တွင် ကုဋေလေးဆယ် ကြွယ်ဝသော သူဌေးကြီး တစ်ဦး ရှိသည်။ သူ့တွင် ပဋာစာရီ အမည်ရှိ သမီးပျိုတစ်ယောက် ရှိ၏။

Friday, 2 November 2012

သိသင့်သိထိုက်သော တီထွင်သူများ



ကင်မရာ

တီထွင်သူ။………..။ ၀ီလျံတောလ်ဘော့စ်၊ လူးဝစ်စ် ဒက်ဂူရီ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၃၅၊ ၁၈၃၉။
ရည်ရွယ်ချက်။…….။ အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး။
တိုးတက်မှုရလဒ်။.။ ယနေ့ခေတ် ကင်မရာများ။

Monday, 29 October 2012

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး


လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေး အကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

Saturday, 27 October 2012

အတွေး


လေးနှစ်သား အရွယ်မှာ အိပ်ယာထဲ သေးမပေါက်တော့ ဘူးဆိုရင် အောင်မြင်မှုပဲ ။

ခြောက်နှစ်သား အရွယ်မှာ ကျောင်းသွားကျောင်းပြန် လမ်းကို သိတယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၁၂ နှစ်အရွယ်မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၁၈ နှစ်အရွယ်မှာ ယာဉ်မောင်းလိုင်စင် ကိုင်ထားနိုင်တယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက်၂၀ ၊ ၃၅ ၊ ၄၅ ၊ ၆၀ အရွယ်တွေမှာငွေ ရှာနိုင်တယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၆၅ နှစ်အရွယ်မှာ ယာဉ်မောင်း လိုင်စင် ကိုင်ထားနိုင်သေးတယ်ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၇၀ အရွယ်မှာ သူငယ်ချင်းတွေ အများကြီးရှိသေးတယ် ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၇၅ အရွယ်မှာ ဘယ်နေရာကနေ မဆို အိမ်ပြန်ဖို့ လမ်းသိသေးတယ် ဆိုရင် အောင်မြင်မှုပဲ ။

အသက် ၈၀ အရွယ်မှာတော့ ဘောင်းဘီ ၊ ပုဆိုးထဲ သေးမပေါက်ထည့် ဘူးဆိုရင် အောင်မြင်မှုပဲ ။

(From This Link)

Thursday, 25 October 2012

၃၈ဖြာမင်္ဂလာ(၃၃)

(၃၃)မြတ်စွာဘုရား ဟောကြားတော်မူသော သစ္စာလေးပါး တရားတို့ကို သိမြင်ခြင်း
မြတ်စွာဘုရား ဟောကြားတော်မူသော သစ္စာလေးပါး တရားတို့ကို သိမြင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

ရှေးသရောအခါ သာဝတ္တိပြည်တွင် သူဌေးသမီး တစ်ဦးရှိသည်။ အရွယ်ရောက်သောအခါ မိဘများ ဆင်းရဲသွားသဖြင့် နွမ်းပါးသော ဘဝသို့ ရောက်ရှိသွားရရှာသည်။ သူ့အမည်မှာ “ကိသာဂေါတမီ” ဟုမည်၏။

Wednesday, 24 October 2012

Folder လေးတွေကို Software မသုံးပဲ Lock ချကြမယ်

Folder လေးတွေကို Software မသုံးပဲ Lock ချကြရအောင်...
ကျွန်တော် PDF လေးနဲ့တင်ပေးထားပါတယ်...
Download ချပြီး စာအုပ်ထဲကအတိုင်းလိုက်လုပ်လိုက်ရင်ရပါတယ်...
လွယ်လွယ်လေးပါ...
ကျွန်တော်တော့တော်တော်သဘောကျတယ်...
အောက်မှာ PDF လေးဒေါင်းလိုက်နော်...

ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)


Puffer fish ကိုအမျိုးမျိုးခေါ်ပါတယ်။ ငါးဘောလုံး၊ ကမ္ဘာ့ငါး၊ ပူဖာငါး၊ ငါးလေးထိုး၊ ပင်လယ်ဘူဇွာ၊ ငါးစည်ဖောင်း တို့အပြင် အခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း ခေါ်ဝေါ်ပါသေးတယ်။

သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။ အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့ မတူပါဘူး။ ဂျပန်မှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ သူတို့ဆီမှာ ရှိတဲ့ စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ လူတော့ မစားရဲပါဘူး။ ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။

၃၈ဖြာမင်္ဂလာ(၃၂)

(၃၂)မြတ်သောအကျင့်ကို ကျင့်ခြင်း
မြတ်သောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

တစ်ရံသောအခါက မဂဓတိုင်း မဟာတိဝ္ထယ ပုဏ္ဏားရွာ၌ ကဿပအနွယ်ဝင် သူဌေးလင်မလား ရှိ၏။ သူတို့တွင် ပိပ္ပလိအမည်ရှိ သားတစ်ယောက် ထွန်းကားသည်။ ထိုသားသည် ရုပ်ရည် ချောမောလှပတင့်တယ်သည်။ အသက် ၂၀ အရွယ် ရောက်သောအခါ မိဘတို့က သားကို အိမ်ထောင်ချထားပေးမည် ပြု၏။

ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ( Knowledges for Health)


သွေးတိုးကျလိုပါသလား

သွေးတိုးရောဂါ ကုထုံးကို သင့်မျက်နှာပေါ်မှာပဲ ရှာကြည့်ပါ။ နှာဖျားမှလေကို ဖြည်းဖြည်း ရှည်ရှည်လေး ရှူသွင်း၊ ရှူထုတ်ခြင်းဖြင့် သွေးတိုးနေတာကို လျှော့ချနိုင်ပါသတဲ့။ လေကို ဖြည်းညင်းစွာ ရှူသွင်း၊ ရှူထုတ် ၃လ လုပ်ခြင်းဖြင့် အပေါ်သွေး (နှလုံးကြွက်သား ညှစ်ထုတ် ဖိအား) ၁၁ မှတ်နဲ့  အောက်သွေး (နှလုံးကြွက်သား ပြေလျော့နေစဉ် ဖိအား) ၇မှတ်ထိ ကျဆင်းစေသတဲ့။ လေကို ဖြည်း ညှင်းစွာ ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ပေးခြင်း ဖြင့် သင့်ရဲ့ ပါရာဆမ်ပသက်တစ် နာဗ်ကြောအဖွဲ့ ရဲ့ လှုပ်ရှားမှုအား တိုးပေးလိုက်ပါတယ်။ ထိုနာဗ်ကြောအဖွဲ့ စနစ်က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိုပေးနိုင်ပါတယ်။ နှာခေါင်း ပေါက်တစ်ဖက်ကို လက်မလေးနဲ့  ပိတ်ပြီး လေကို ၆ စက္ကန့် ကြာအောင် အခြားနှာခေါင်း ပေါက်မှ ရှူသွင်းလိုက်ပါတယ်။ ပြီးရင် လေရှုသွင်းလိုက်တဲ့ နှာခေါင်းပေါက်ကို ပြန်ပိတ်ပြီး ယခင်ပိတ်ထားတဲ့ အခြားနှာခေါင်းပေါက်ကို ပြန်ဖွင့်ကာ ၆ စက္ကန့် ကြာအောင် လေထုတ် ပေးပါတယ်။ ဤလေ့ကျင့်ခန်းကို ပါဝင်ပြုလုပ်တဲ့သူများဟာ တစ်နေ့ လျှင် ၂ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် ၁၅ မိနစ်ကြာအောင် လေ့ကျင့် ကြပါတယ်။ အဲဒီထက် အချိန် တိုတိုလည်း ကျင့်နိုင်ပါတယ်တဲ့။

Tuesday, 23 October 2012

PES 2013(Football Game)

PES 2013 ဘောလုံးဂိမ်းလေးပါ...
4 Gb ကျော်ပါတယ်...ဘောလုံးဂိမ်း ဝါသနာအိုးများအတွက်ပါ...
ကျွန်တော့်သူငယ်ချင်းဒေါင်းထားတာကိုပြန်တင်ပေးလိုက်တာပါ...
၃ ရက်လောက်တင်လိုက်ရတယ်..ဒေါင်းမယ့်သူတော့ဘယ်လိုနေမယ်မသိ...
:P
၂၁ပိုင်းရှိပါတယ်...

သံပုရာသီးအစွမ်း အံ့မခန်း


*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

Monday, 22 October 2012

မာန်တက်ခြင်း (၁၆) ပါး..


(၁) မာန် - မာန်တက်ခြင်း။

(၂) အတိမာန် - အလွန်မာန်တက်ခြင်း။

(၃) မာနာတိမာန် - မာနထက် အလွန် မာန်တက်ခြင်း။

(၄) ဇာတိမာန် - အမျိုးကို စွဲ၍ မာန်တက်ခြင်း။

(၅) ဂေါတ္တမာန် - အနွယ်ကို စွဲ၍ မာန်တက်ခြင်း။

Sunday, 21 October 2012

Math Type 6.7

သင်္ချာသမား၊ အင်ဂျင်နီယာများ နဲ့ တစ်ခြား အသုံးလိုမယ့် သူငယ်ချင်း၊
ညီ၊ အစ်ကို၊ မောင်၊ နှမ များအတွက်ပါ...
Math Type 6.7 လေးဖြစ်ပါတယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

၃၈ဖြာမင်္ဂလာ(၃၁)

(၃၁)ခြိုးခြံစွာ ကျင့်သုံးနေထိုင်ခြင်း
ခြိုးခြံစွာ ကျင့်သုံးနေထိုင်ခြင်း သည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

ရှေးသရောအခါ ဗာရာဏာသီပြည်တွင် ကုဋေ ရှစ်ဆယ် ကြွယ်ဝသော ဗြာဟ္မဏ သူဌေးလင်မယား နှစ်ယောက် ရှိ၏ ။ သူတို့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်။ သားကို ‘‘အကိတ္တိ’’ ဟု အမည်ပေး၍ သမီးကို ‘‘ယသဝတီ’’ ဟု အမည်ပေးသည်။

Sudoku Game for PC

အပျင်းလဲပြေ မျက်စိလဲလျှင် စိတ်ဝင်စားဖို့လဲကောင်းတဲ့
Sudoku ဂိမ်းလေးဆော့ရအောင်...တစ်ချို့ လည်းဆော့ဘူးကြမှာပါ...
အပေါ်ပုံလေးက Pure Sudoku လို့ခေါ်ပါတယ်...
10Mb လောက်ရှိပါတယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ..

Power ISO + ကီးဂျန်

Power ISO 5.4 နဲ့ ကီးဂျန်လေးပါ...
အခွေတွေ Burn ဖို့၊ Copy ကူးဖို့၊ Size လျှော့ချဖို့၊ Mount လုပ်တာတို့မှာသုံးပါတယ်...
ဆော့ဝဲလ် လေးကို install လုပ်ပြီး ကီးဂျန်လေးဖွင့်၊ ကီးလေးထည့်ပေးလိုက်ရင်
Full Version လေးဖြစ်သွားပါလိမ့်မယ်...
ကီးဂျန်လေးကိုမဖွင့်ခင် မိမိစက်မှာရှိတဲ့ Antivirus လေးတော့ခဏပိတ်ထားပေါ့...
မိမိစက်မှာသိမ်းထားချင်တယ်ဆိုလဲ Rar File လေးနဲ့ချုံ့ ပြီးသိမ်းထားနိုင်ပါတယ်...
Antivirus ကကီးဂျန်တွေကိုဖျက်ဖျက်ပစ်တတ်လို့ပါ...

အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

Saturday, 20 October 2012

၃၈ဖြာမင်္ဂလာ(၃၀)

(၃၀)သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
သင့်လျော်သောအခါ တရားဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

တစ်ခါသော် အမတ်ကြီး ဘိုးရာဇာနှင့် အမတ်ကြီး သီဟပတေ့တို့သည် သစ်ကညင်ဟူသော အရပ်တွင် တွေ့ဆုံ၍ စကားပြောဆိုဆွေးနွေးကြသည်။ ဘိုးရာဇာသည် အင်းဝဘုရင် မင်းခေါင်၏ အမတ်ပညာရှိ ဖြစ်သည်။ သီဟပတေ့သည် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ အမတ်ပညာရှိ ဖြစ်သည်။

Friday, 19 October 2012

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း)ကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

Thursday, 18 October 2012

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ


ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

Wednesday, 17 October 2012

၃၈ဖြာမင်္ဂလာ(၂၉)

( ၂၉ ) ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်း
ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြပါသည်။

ရှေးသရောအခါ အလ္လကပ္ပ အမည်ရှိသောတိုင်းဝယ် ကူးစက်တတ်သော ရောဂါကြီးတစ်မျိုး ဖြစ်ပွားသည်။ ဆေးကု၍မရ၊ လူအများ သေကျေပျက်စီးကြသည်။
ယောက်ျားတစ်ယောက်သည် ကြောက်ရွံ့လှသဖြင့် ဇနီးနှင့်သားငယ်ကို ခေါ်ယူကာ အခြားတိုင်း တစ်တိုင်းသို့ ထွက်ပြေးသည်။ လမ်းခရီးတွင် အခက်အခဲအမျိုးမျိုးကို ကျော်လွန်ပြီးနောက် ညနေချမ်းအချိန်၌ နွားကျောင်းသားတဲတစ်ခုသို့ ရောက်သွားကြသည်။ နွားကျောင်းသားသည် သူတို့ ၃-ယောက်ကို မြင်လျှင် ကရုဏာဖြစ်မိသည်။ ထို့ကြောင့် ကောင်းစွာလက်ခံကျွေးမွေးသည်။ ယောက်ျားဖြစ်သူသည် အလွန်ဆာလောင် မွတ်သိပ်လှသဖြင့် အလွန်အကျူး စားသောက်သည်။ ဤတွင် အစာမကြေရောဂါရကာ ထိုည လွန်သောအခါ သေဆုံးသွားလေသည်။

Tuesday, 16 October 2012

HTML Code for beginning Blogger (Download essential softwares for your PC)

ပုံကိုသေချာ မမြင်ရရင်တော့ ပုံပေါ်မှာ Click ထောက်ပြီး အကြီးချဲ့ ကြည့်နိုင်ပါတယ်ခင်ဗျာ...
Blog ညီ၊ အစ်ကို၊ မောင်၊ နှမ များအတွက် ကွန်ပျူတာတစ်ခုမှာမရှိမဖြစ်တဲ့ 
softwares လေးတွေကို မိမိ Blog လေးမှာ Download လုပ်ဖို့ Link လေးတွေ
ကျွန်တော့် Blog မှာ အနီရောင်နဲ့ကွက်ပြီးပြထားတဲ့ပုံအတိုင်း
 လိုချင်တာကို နှိပ်လိုက်တာနဲ့ Download 
လုပ်လို့ရအောင် အောက်က ကုဒ်လေးကို သုံးပြီး ပြန်မျှနိုင်ဖို့ပါ...
သိထားပြီးသား Blog ညီ၊ အစ်ကို၊ မောင်၊ နှမ များအတွက်
ဒီ Post လေးကိုအချိန်ကုန်ခံပြီး ဖတ်မိသွားမယ်ဆိုရင် ကြိုတင်တောင်းပန်အပ်ပါသည်ခင်ဗျာ...

ဆေးဖက်နွယ်ဝင် ကြိတ်မှန်ပင်


            နေကြာမျိုးရင်းတွင် ပါဝင်ပြီး ပဉ္စငါးပါးတွင် အသုံးဝင်ကာ အလေ့ကျပေါက်သော တစ်နှစ်ခံပင်ပျော့မျိုး ဖြစ်သည်။ အဖြူမျိုး၊ အဝါမျိုး အနက်မျိုးဟူ၍ သုံးမျိုးရှိပြီး အရသာ ခါးသက်သက်ရှိကာ ပူသည်။
            မြန်မာဆေးကျမ်းများတွင် လေနာ၊ သလိပ်နာတို့ကို နိုင်၏ ။ သွေးကို ဓါတ်ကြွစေသည်။ အနာတို့ကို နိုင်၏ ။ ဓါတ်ကိုပြောင်းစေ၊ အသက်ကိုရှည်စေ၊ ဆံပင်ကိုနက်စေသည်ဟု ဆို၏ ။

Monday, 15 October 2012

၃၈ဖြာမင်္ဂလာ(၂၈)

( ၂၈ ) ဆုံးမလွယ်ခြင်း
ဆုံးမလွယ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

တစ်ခါသော် ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်းကို စစ်တိုက်ရန် မိမိ၏နိုင်ငံမှ ရဲမက်များကို ဦးဆောင်ချီတက်လာသည်။ ဒီဃီတိမင်းမှာ အင်အားခြင်းမမျှသဖြင့် မိဖုရားကိုခေါ်ကာ တိုင်းပြည်မှ ထွက်ပြေးသွားရသည်။ မြို့စွန်တစ်နေရာရှိ အိုးထိန်းသည်၏ နေအိမ်၌ ရုပ်ဖျောက်၍ မထင်မရှား နေထိုင်သည်။

JetAudio 8.0.17 Basis

Playerတွေလဲစုံနေအောင်ထွက်နေကြပါတယ်...
ကျွန်တော့်အတွက်တော့ JetAudio လေးကမရိုးနိုင်တဲ့ ကောင်လေးပါပဲ...
ဒီကောင်လေးကိုသုံးနေတုန်းပဲခုထိ...ကြိုက်လဲကြိုက်လို့... :P

အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

Sunday, 14 October 2012

Picasa 3.9 Build 136.9

ဓါတ်ပုံတွေပြင်ဖို့၊ ကြည့်ဖို့ Picasa software လေးပါ...
ဒီကောင်လေးမှာ Function တော်တော်များများ ပါ ပါတယ်...
ကျွန်တော်အကြိုက်ဆုံးကတော့ဓါတ်ပုံတစ်ပုံကို 
Quality မကျစေပဲ Zoom ဆွဲကြည့်ရတာကိုပါ...

အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...

ရဟန်းတော်များ ခေါင်းရိတ်ကြရတဲ့ အကြောင်းရင်း


ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ် ကြရတာလဲဆိုတဲ့  အကြောင်းလေးကို သိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁၆) ပါး သောအပြစ်ကြောင့် ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များခေါင်းရိတ်ကြရတာ ဖြစ်ပါတယ်။ 
အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့...

ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ


ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လိုပဲ Alliaceae အနွှယ်ဝင်ဖြစ်ပါတယ်။  ကြက်သွန်မြိတ်ရဲ့ အာဟာရတန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန်မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

၃၈ဖြာမင်္ဂလာ(၂၇)

( ၂၇ ) သည်းခံခြင်း
သည်းခံခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်၏။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ကလာဗုမင်း အုပ်စိုးသည်။ ထိုတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားလုလင်တစ်ဦးရှိသည်။ ကုဏ္ဍလ လုလင်-ဟု အမည်တွင်၏။
ထိုလုလင်သည် အရွယ်ရောက်ချိန်၌ ပညာသင်ယူသည်။ ပညာများ တတ်မြောက်၍ မကြာမြင့်မီပင် မိဘနှစ်ပါး ကွယ်လွန်သွားရာ သတိသံဝေဂ ရသွားသည်။ သို့ဖြင့် ပစ္စည်းအားလုံးကို လှူဒါန်းစွန့်ကြဲကာ ဟိမ၀န္တာသို့ သွား၍ ရသေ့ဝတ်လျက် နေထိုင်သည်။

Win Rar & 7-Zip

ကွန်ပျူတာတွေမှာမရှိမဖြစ်ရှိရတဲ့ Win Rar တို့ 7-Zip တို့ကျွန်တော့်Blogမှာမရှိသေးတာနဲ့တင်ပေးလိုက်ပါတယ်...

Saturday, 13 October 2012

ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ


ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ

၁။ ကကုသန်မြတ်စွာဘုရား

၂။ ကောဏဂုံမြတ်စွာဘုရား

၃။ ကဿပမြတ်စွာဘုရား

၎။ ဂေါတမမြတ်စွာဘုရား

၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မူမည်)