လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေး အကျိုးသက်ရောက်ပုံတွေကြောင့်
တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့
ကျန်းမာရေးအကျိုးပြုပုံတွေ အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၎
ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။
ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့
အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။
Monday, 29 October 2012
Saturday, 27 October 2012
အတွေး
လေးနှစ်သား အရွယ်မှာ အိပ်ယာထဲ သေးမပေါက်တော့ ဘူးဆိုရင်
အောင်မြင်မှုပဲ ။
ခြောက်နှစ်သား အရွယ်မှာ ကျောင်းသွားကျောင်းပြန် လမ်းကို
သိတယ်ဆိုရင် အောင်မြင်မှုပဲ ။
အသက် ၁၂ နှစ်အရွယ်မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်ဆိုရင်
အောင်မြင်မှုပဲ ။
အသက် ၁၈ နှစ်အရွယ်မှာ ယာဉ်မောင်းလိုင်စင် ကိုင်ထားနိုင်တယ်ဆိုရင်
အောင်မြင်မှုပဲ ။
အသက်၂၀ ၊ ၃၅ ၊ ၄၅ ၊ ၆၀ အရွယ်တွေမှာငွေ ရှာနိုင်တယ်ဆိုရင်
အောင်မြင်မှုပဲ ။
အသက် ၆၅ နှစ်အရွယ်မှာ ယာဉ်မောင်း လိုင်စင် ကိုင်ထားနိုင်သေးတယ်ဆိုရင်
အောင်မြင်မှုပဲ ။
အသက် ၇၀ အရွယ်မှာ သူငယ်ချင်းတွေ အများကြီးရှိသေးတယ် ဆိုရင်
အောင်မြင်မှုပဲ ။
အသက် ၇၅ အရွယ်မှာ ဘယ်နေရာကနေ မဆို အိမ်ပြန်ဖို့ လမ်းသိသေးတယ်
ဆိုရင် အောင်မြင်မှုပဲ ။
အသက် ၈၀ အရွယ်မှာတော့ ဘောင်းဘီ ၊ ပုဆိုးထဲ သေးမပေါက်ထည့်
ဘူးဆိုရင် အောင်မြင်မှုပဲ ။
(From This Link)
Thursday, 25 October 2012
၃၈ဖြာမင်္ဂလာ(၃၃)
(၃၃)မြတ်စွာဘုရား ဟောကြားတော်မူသော သစ္စာလေးပါး တရားတို့ကို
သိမြင်ခြင်း
မြတ်စွာဘုရား ဟောကြားတော်မူသော သစ္စာလေးပါး တရားတို့ကို
သိမြင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ သာဝတ္တိပြည်တွင် သူဌေးသမီး တစ်ဦးရှိသည်။ အရွယ်ရောက်သောအခါ
မိဘများ ဆင်းရဲသွားသဖြင့် နွမ်းပါးသော ဘဝသို့ ရောက်ရှိသွားရရှာသည်။ သူ့အမည်မှာ “ကိသာဂေါတမီ”
ဟုမည်၏။
Wednesday, 24 October 2012
Folder လေးတွေကို Software မသုံးပဲ Lock ချကြမယ်
Folder လေးတွေကို Software မသုံးပဲ Lock ချကြရအောင်...
ကျွန်တော် PDF လေးနဲ့တင်ပေးထားပါတယ်...
Download ချပြီး စာအုပ်ထဲကအတိုင်းလိုက်လုပ်လိုက်ရင်ရပါတယ်...
လွယ်လွယ်လေးပါ...
ကျွန်တော်တော့တော်တော်သဘောကျတယ်...
အောက်မှာ PDF လေးဒေါင်းလိုက်နော်...
ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)
Puffer fish ကိုအမျိုးမျိုးခေါ်ပါတယ်။ ငါးဘောလုံး၊ ကမ္ဘာ့ငါး၊
ပူဖာငါး၊ ငါးလေးထိုး၊ ပင်လယ်ဘူဇွာ၊ ငါးစည်ဖောင်း တို့အပြင် အခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း
ခေါ်ဝေါ်ပါသေးတယ်။
သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။
အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့
မတူပါဘူး။ ဂျပန်မှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ သူတို့ဆီမှာ ရှိတဲ့
စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ
လူတော့ မစားရဲပါဘူး။ ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။
၃၈ဖြာမင်္ဂလာ(၃၂)
(၃၂)မြတ်သောအကျင့်ကို ကျင့်ခြင်း
မြတ်သောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ
ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ရံသောအခါက မဂဓတိုင်း မဟာတိဝ္ထယ ပုဏ္ဏားရွာ၌ ကဿပအနွယ်ဝင်
သူဌေးလင်မလား ရှိ၏။ သူတို့တွင် ပိပ္ပလိအမည်ရှိ သားတစ်ယောက် ထွန်းကားသည်။ ထိုသားသည် ရုပ်ရည်
ချောမောလှပတင့်တယ်သည်။ အသက် ၂၀ အရွယ် ရောက်သောအခါ မိဘတို့က သားကို အိမ်ထောင်ချထားပေးမည်
ပြု၏။
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ( Knowledges for Health)
သွေးတိုးကျလိုပါသလား
သွေးတိုးရောဂါ
ကုထုံးကို သင့်မျက်နှာပေါ်မှာပဲ ရှာကြည့်ပါ။ နှာဖျားမှလေကို ဖြည်းဖြည်း ရှည်ရှည်လေး
ရှူသွင်း၊ ရှူထုတ်ခြင်းဖြင့် သွေးတိုးနေတာကို လျှော့ချနိုင်ပါသတဲ့။ လေကို ဖြည်းညင်းစွာ
ရှူသွင်း၊ ရှူထုတ် ၃လ လုပ်ခြင်းဖြင့် အပေါ်သွေး (နှလုံးကြွက်သား ညှစ်ထုတ် ဖိအား) ၁၁
မှတ်နဲ့  အောက်သွေး (နှလုံးကြွက်သား ပြေလျော့နေစဉ် ဖိအား) ၇မှတ်ထိ ကျဆင်းစေသတဲ့။ လေကို
ဖြည်း ညှင်းစွာ ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ပေးခြင်း ဖြင့် သင့်ရဲ့ ပါရာဆမ်ပသက်တစ် နာဗ်ကြောအဖွဲ
့ရဲ့ လှုပ်ရှားမှုအား တိုးပေးလိုက်ပါတယ်။ ထိုနာဗ်ကြောအဖွဲ့ စနစ်က သွေးဖိအားကို ပုံမှန်ဖြစ်အောင်
ထိန်းညှိုပေးနိုင်ပါတယ်။ နှာခေါင်း ပေါက်တစ်ဖက်ကို လက်မလေးနဲ့  ပိတ်ပြီး လေကို ၆ စက္ကန်
့ကြာအောင် အခြားနှာခေါင်း ပေါက်မှ ရှူသွင်းလိုက်ပါတယ်။ ပြီးရင် လေရှုသွင်းလိုက်တဲ့ နှာခေါင်းပေါက်ကို
ပြန်ပိတ်ပြီး ယခင်ပိတ်ထားတဲ့ အခြားနှာခေါင်းပေါက်ကို ပြန်ဖွင့်ကာ ၆ စက္ကန့် ကြာအောင်
လေထုတ် ပေးပါတယ်။ ဤလေ့ကျင့်ခန်းကို ပါဝင်ပြုလုပ်တဲ့သူများဟာ တစ်နေ့ လျှင် ၂ကြိမ်နှုန်းဖြင့်
တစ်ကြိမ်လျှင် ၁၅ မိနစ်ကြာအောင် လေ့ကျင့် ကြပါတယ်။ အဲဒီထက် အချိန် တိုတိုလည်း ကျင့်နိုင်ပါတယ်တဲ့။
Tuesday, 23 October 2012
Monday, 22 October 2012
Sunday, 21 October 2012
Math Type 6.7
သင်္ချာသမား၊ အင်ဂျင်နီယာများ နဲ့ တစ်ခြား အသုံးလိုမယ့် သူငယ်ချင်း၊
ညီ၊ အစ်ကို၊ မောင်၊ နှမ များအတွက်ပါ...
Math Type 6.7 လေးဖြစ်ပါတယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...
၃၈ဖြာမင်္ဂလာ(၃၁)
(၃၁)ခြိုးခြံစွာ ကျင့်သုံးနေထိုင်ခြင်း
ခြိုးခြံစွာ ကျင့်သုံးနေထိုင်ခြင်း သည် မင်္ဂလာတစ်ပါးဖြစ်သည်။
အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ ဗာရာဏာသီပြည်တွင် ကုဋေ ရှစ်ဆယ် ကြွယ်ဝသော ဗြာဟ္မဏ
သူဌေးလင်မယား နှစ်ယောက် ရှိ၏ ။ သူတို့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်။ သားကို
‘‘အကိတ္တိ’’ ဟု အမည်ပေး၍ သမီးကို ‘‘ယသဝတီ’’ ဟု အမည်ပေးသည်။
Sudoku Game for PC
အပျင်းလဲပြေ မျက်စိလဲလျှင် စိတ်ဝင်စားဖို့လဲကောင်းတဲ့
Sudoku ဂိမ်းလေးဆော့ရအောင်...တစ်ချို့ လည်းဆော့ဘူးကြမှာပါ...
အပေါ်ပုံလေးက Pure Sudoku လို့ခေါ်ပါတယ်...
10Mb လောက်ရှိပါတယ်...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ..
Power ISO + ကီးဂျန်
Power ISO 5.4 နဲ့ ကီးဂျန်လေးပါ...
အခွေတွေ Burn ဖို့၊ Copy ကူးဖို့၊ Size လျှော့ချဖို့၊ Mount လုပ်တာတို့မှာသုံးပါတယ်...
ဆော့ဝဲလ် လေးကို install လုပ်ပြီး ကီးဂျန်လေးဖွင့်၊ ကီးလေးထည့်ပေးလိုက်ရင်
Full Version လေးဖြစ်သွားပါလိမ့်မယ်...
ကီးဂျန်လေးကိုမဖွင့်ခင် မိမိစက်မှာရှိတဲ့ Antivirus လေးတော့ခဏပိတ်ထားပေါ့...
မိမိစက်မှာသိမ်းထားချင်တယ်ဆိုလဲ Rar File လေးနဲ့ချုံ့ ပြီးသိမ်းထားနိုင်ပါတယ်...
Antivirus ကကီးဂျန်တွေကိုဖျက်ဖျက်ပစ်တတ်လို့ပါ...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...
Saturday, 20 October 2012
၃၈ဖြာမင်္ဂလာ(၃၀)
(၃၀)သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
သင့်လျော်သောအခါ တရားဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ခါသော် အမတ်ကြီး ဘိုးရာဇာနှင့် အမတ်ကြီး သီဟပတေ့တို့သည်
သစ်ကညင်ဟူသော အရပ်တွင် တွေ့ဆုံ၍ စကားပြောဆိုဆွေးနွေးကြသည်။ ဘိုးရာဇာသည် အင်းဝဘုရင်
မင်းခေါင်၏ အမတ်ပညာရှိ ဖြစ်သည်။ သီဟပတေ့သည် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ အမတ်ပညာရှိ ဖြစ်သည်။
Friday, 19 October 2012
မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ
ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်
ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း)ကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။
ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-
Thursday, 18 October 2012
ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ
ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့
သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။
ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း
၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင်
အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက်
၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။
Wednesday, 17 October 2012
၃၈ဖြာမင်္ဂလာ(၂၉)
( ၂၉ ) ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်း
ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။
အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြပါသည်။
ရှေးသရောအခါ အလ္လကပ္ပ အမည်ရှိသောတိုင်းဝယ် ကူးစက်တတ်သော ရောဂါကြီးတစ်မျိုး
ဖြစ်ပွားသည်။ ဆေးကု၍မရ၊ လူအများ သေကျေပျက်စီးကြသည်။
ယောက်ျားတစ်ယောက်သည် ကြောက်ရွံ့လှသဖြင့် ဇနီးနှင့်သားငယ်ကို
ခေါ်ယူကာ အခြားတိုင်း တစ်တိုင်းသို့ ထွက်ပြေးသည်။ လမ်းခရီးတွင် အခက်အခဲအမျိုးမျိုးကို
ကျော်လွန်ပြီးနောက် ညနေချမ်းအချိန်၌ နွားကျောင်းသားတဲတစ်ခုသို့ ရောက်သွားကြသည်။ နွားကျောင်းသားသည်
သူတို့ ၃-ယောက်ကို မြင်လျှင် ကရုဏာဖြစ်မိသည်။ ထို့ကြောင့် ကောင်းစွာလက်ခံကျွေးမွေးသည်။
ယောက်ျားဖြစ်သူသည် အလွန်ဆာလောင် မွတ်သိပ်လှသဖြင့် အလွန်အကျူး စားသောက်သည်။ ဤတွင် အစာမကြေရောဂါရကာ
ထိုည လွန်သောအခါ သေဆုံးသွားလေသည်။
Tuesday, 16 October 2012
HTML Code for beginning Blogger (Download essential softwares for your PC)
ပုံကိုသေချာ မမြင်ရရင်တော့ ပုံပေါ်မှာ Click ထောက်ပြီး အကြီးချဲ့ ကြည့်နိုင်ပါတယ်ခင်ဗျာ...
Blog ညီ၊ အစ်ကို၊ မောင်၊ နှမ များအတွက် ကွန်ပျူတာတစ်ခုမှာမရှိမဖြစ်တဲ့
softwares လေးတွေကို မိမိ Blog လေးမှာ Download လုပ်ဖို့ Link လေးတွေ
ကျွန်တော့် Blog မှာ အနီရောင်နဲ့ကွက်ပြီးပြထားတဲ့ပုံအတိုင်း
လိုချင်တာကို နှိပ်လိုက်တာနဲ့ Download
လိုချင်တာကို နှိပ်လိုက်တာနဲ့ Download
လုပ်လို့ရအောင် အောက်က ကုဒ်လေးကို သုံးပြီး ပြန်မျှနိုင်ဖို့ပါ...
သိထားပြီးသား Blog ညီ၊ အစ်ကို၊ မောင်၊ နှမ များအတွက်
ဒီ Post လေးကိုအချိန်ကုန်ခံပြီး ဖတ်မိသွားမယ်ဆိုရင် ကြိုတင်တောင်းပန်အပ်ပါသည်ခင်ဗျာ...
ဆေးဖက်နွယ်ဝင် ကြိတ်မှန်ပင်
နေကြာမျိုးရင်းတွင် ပါဝင်ပြီး ပဉ္စငါးပါးတွင် အသုံးဝင်ကာ
အလေ့ကျပေါက်သော တစ်နှစ်ခံပင်ပျော့မျိုး ဖြစ်သည်။ အဖြူမျိုး၊ အဝါမျိုး အနက်မျိုးဟူ၍
သုံးမျိုးရှိပြီး အရသာ ခါးသက်သက်ရှိကာ ပူသည်။
မြန်မာဆေးကျမ်းများတွင်
လေနာ၊ သလိပ်နာတို့ကို နိုင်၏ ။ သွေးကို ဓါတ်ကြွစေသည်။ အနာတို့ကို နိုင်၏ ။ ဓါတ်ကိုပြောင်းစေ၊
အသက်ကိုရှည်စေ၊ ဆံပင်ကိုနက်စေသည်ဟု ဆို၏ ။
Monday, 15 October 2012
၃၈ဖြာမင်္ဂလာ(၂၈)
( ၂၈ ) ဆုံးမလွယ်ခြင်း
ဆုံးမလွယ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။
အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ခါသော် ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်းကို စစ်တိုက်ရန်
မိမိ၏နိုင်ငံမှ ရဲမက်များကို ဦးဆောင်ချီတက်လာသည်။ ဒီဃီတိမင်းမှာ အင်အားခြင်းမမျှသဖြင့်
မိဖုရားကိုခေါ်ကာ တိုင်းပြည်မှ ထွက်ပြေးသွားရသည်။ မြို့စွန်တစ်နေရာရှိ အိုးထိန်းသည်၏
နေအိမ်၌ ရုပ်ဖျောက်၍ မထင်မရှား နေထိုင်သည်။
JetAudio 8.0.17 Basis
Playerတွေလဲစုံနေအောင်ထွက်နေကြပါတယ်...
ကျွန်တော့်အတွက်တော့ JetAudio လေးကမရိုးနိုင်တဲ့ ကောင်လေးပါပဲ...
ဒီကောင်လေးကိုသုံးနေတုန်းပဲခုထိ...ကြိုက်လဲကြိုက်လို့... :P
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...
Sunday, 14 October 2012
Picasa 3.9 Build 136.9
ဓါတ်ပုံတွေပြင်ဖို့၊ ကြည့်ဖို့ Picasa software လေးပါ...
ဒီကောင်လေးမှာ Function တော်တော်များများ ပါ ပါတယ်...
ကျွန်တော်အကြိုက်ဆုံးကတော့ဓါတ်ပုံတစ်ပုံကို
Quality မကျစေပဲ Zoom ဆွဲကြည့်ရတာကိုပါ...
အောက်မှာဒေါင်းလိုက်ပါခင်ဗျာ...
ရဟန်းတော်များ ခေါင်းရိတ်ကြရတဲ့ အကြောင်းရင်း
ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ်
ကြရတာလဲဆိုတဲ့ အကြောင်းလေးကို သိစေချင်ပါတယ်။အဲဒီအကြောင်းကို
အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ
ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁၆) ပါး သောအပြစ်ကြောင့်
ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များခေါင်းရိတ်ကြရတာ ဖြစ်ပါတယ်။
အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့...
၃၈ဖြာမင်္ဂလာ(၂၇)
( ၂၇ ) သည်းခံခြင်း
သည်းခံခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်၏။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ကလာဗုမင်း အုပ်စိုးသည်။
ထိုတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားလုလင်တစ်ဦးရှိသည်။ ကုဏ္ဍလ လုလင်-ဟု အမည်တွင်၏။
ထိုလုလင်သည် အရွယ်ရောက်ချိန်၌ ပညာသင်ယူသည်။ ပညာများ တတ်မြောက်၍
မကြာမြင့်မီပင် မိဘနှစ်ပါး ကွယ်လွန်သွားရာ သတိသံဝေဂ ရသွားသည်။ သို့ဖြင့် ပစ္စည်းအားလုံးကို
လှူဒါန်းစွန့်ကြဲကာ ဟိမ၀န္တာသို့ သွား၍ ရသေ့ဝတ်လျက် နေထိုင်သည်။
Win Rar & 7-Zip
ကွန်ပျူတာတွေမှာမရှိမဖြစ်ရှိရတဲ့ Win Rar တို့ 7-Zip တို့ကျွန်တော့်Blogမှာမရှိသေးတာနဲ့တင်ပေးလိုက်ပါတယ်...
Saturday, 13 October 2012
Friday, 12 October 2012
၃၈ဖြာမင်္ဂလာ(၂၆)
( ၂၆ ) သင့်လျော်သောအခါ၌ တရားနာခြင်း
သင့်လျော်သောအခါ၌ တရားနာခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။
အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
တစ်ရံရောအခါ ဗုဒ္ဓဘုရားရှင်သည် စမ္ပာပြည်ရှိ ဂဂ္ဂရာရေကန်အနီးဝယ်
သီတင်းသုံးလျက် ရှင်လူအများအား တရားဟောတော်မူသည်။
ထိုစဉ် ကန်အတွင်း၌နေသော ဖားငယ်တစ်ကောင်သည် ရေကန်ထဲမှ ထွက်လာသည်။
ပရိသတ်အစွန် တစ်နေရာ၌ ၀ပ်လျက်-သည်အသံသည် တရားတော်၏ အသံပင်ဖြစ်၏-ဟူ၍ အာရုံပြုကာ နာယူလျက်ရှိသည်။
Window XP ရဲ့ လျှို့ဝှက်ချက်များ
1.ကိုယ့်ရဲ့Computer အကြောင်း
All Programs ထဲက Accessories menu မှာရှိတဲ့ Command Prompt ကိုသွားပါ။ ထို့နောက် systeminfo လို့ရိုက်ထည့်ပါ။ ကွန်ပျူတာသည် လက်ရှိအချိန် အပါအ၀င် အလွန်အသုံးတည့်သော အချက်အလက်များကိုဖေါ်ပြပါလိမ့်မည်။ ထိုအရာများကို Notepad ကိုအသုံးပြု၍ သိမ်းဆည်းထားလိုပါက info.txt ဟူ၍လည်း သိမ်းဆည်းထားနိုင်ပါပြီ။ဇက်ကြောတက်သူများအတွက် ဆင်ခြင်စရာများ
အကြောတက်ရောဂါ အမျိုးမျိုးတွင် ဇက်ကြော တက်ခြင်း၊ နောက်ကြော
တက်ခြင်း၊ ခြေသလုံးနှင့် ပေါင်ကြောများ တက်ခြင်း၊ ကြွက်တက်ခြင်း စသည်ဖြင့် အမျိုးပေါင်းများစွာ
ရှိပါသည်။ အကြောတက်ခြင်း အမျိုးမျိုးသည် လူ၏ ခန္ဓာဗေဒအရ တည်ဆောက်ထားသော အရိုးများ လှုပ်ရှားမှုကို
တွယ်ဆက် ထောက်ကန် ပေးထားသော ကြွက်ကြော၊ အာရုံကြော၊ ဆိုင်းကြော၊ ခုကြော (အရွတ်ကြော)၊
အမြှေး၊ အရွတ် (ခုတုံး) များတွင် ရောင်ခြင်း၊ ပါးခြင်း၊ ပွန်းစားခြင်း၊ တင်းခြင်း၊
လျော့ခြင်း၊ အားနည်းခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ရလေသည်။
Thursday, 11 October 2012
IDM 6.12 Build 22 (10.10.2012)
IDM 6.12 Build 22 update လေးပါ...
မနေ့ညကမှမထွက်တာနဲနဲကြာသွားပြီလို့စဉ်းစားနေတုန်းရှိသေး...
အမေ့မခံပါဘူးခင်ဗျာ...update သုံးတဲ့သူတွေအောက်မှာဒေါင်းနိုင်ပါတယ်...
Wednesday, 10 October 2012
၃၈ဖြာမင်္ဂလာ(၂၅)
( ၂၅ ) သူ့ကျေးဇူးကို သိခြင်း
သူ့ကျေးဇူးကို သိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် စိတ်ထားကောင်းမြတ်သော
ဘုရင်တစ်ပါး အုပ်စိုးသည်။ တစ်နေ့သ၌ နယ်စွန်နယ်ဖျားအရပ်တွင် သူပုန်များ ထကြွသောင်းကျန်းရာ
ဘုရင်ကိုယ်တိုင်ပင် သွားရောက် နှိမ်နင်းသည်။
Format Factory 3.0
Video, Audio, Picture, ROM Device\DVD\CD\ISO စတာတွေအပြင်
AdvancedမှာVideo Joiner, Audio Joiner, Mux နဲ့ Media File Info
ဆိုတဲ့အခွဲလေးတွေပါပါသေးတယ်...တစ်မျိုးထဲနဲ့ အစုံသုံးလို့ရတဲ့ Convertor လေးပါ
အများစုလည်းသိကြပါတယ်...Format Factory လေးကို...
direct link လေးချိတ်ပေးထားပါတယ်...
အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...
၃၈ဖြာမင်္ဂလာ(၂၄)
( ၂၄ ) တင်းတိမ်ရောင့်ရဲခြင်း
တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။
အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ရံရောအခါ ဗာရာဏသီပြည်ဝယ် လှည်းကုန်သည်တို့၏ အကြီးအမှူးဖြစ်သူ
လှည်းမှူးတစ်ဦး ရှိသည်။ သူသည် လောဘနည်း၍ တင်းတိမ်ရောင့်ရဲသူ ဖြစ်သည်။
တစ်နေ့သ၌ လှည်းမှူးသည် လှည်းကုန်သည်များနှင့်အတူ အရပ်တစ်ပါးသို့
ကုန်သွယ်ရန် ဗာရာဏသီပြည်မှ ထွက်ခွာလာခဲ့သည်။
GOM Player
Gom Player လေးသုံးရအောင်...တစ်ချို့ ဖိုင်လေးတွေကိုဒီ player လေးနဲ့ဖွင့်မှ
အဆင်ပြေပါတယ်... ဥပမာ- swf ဖိုင်မျိုးလေးတွေပေါ့...
အောက်မှာDownload link လေးကို http://www.filehippo.com/ ကနေတိုက်ရိုက်ချိတ်ပေးထားပါတယ်...
အဆင်ပြေကြပါစေ...
Tuesday, 9 October 2012
မိမိကြိုက်တဲ့ ဝက်ဆိုဒ် ကို apk ဖိုင်ပြောင်းပြီး Andorid ဖုန်းပေါ်မှာဒေါင်းပြီး ကြည့်မယ်
သူငယ်ချင်းတို့ ရဲ့ ဘလော့ဆိုဒ်၊ဝက်ဆိုဒ်၊မိမိကြိုက်နှစ်သက်တဲ့
ဝက်ဆိုဒ်တွေကို Andorid ဖုန်းပေါ် မှာ ဒေါင်းပြီး ကြည့်လို့ ဖတ်လို့ ရအောင်ပါ။
အဆင့်(၁) ဒီ Link လေးကိုအရင်ကလစ်ပြီးသွားလိုက်ပါ။
အဆင့်(၂) အောက်ကပုံလေးလို ပေါ်လာပြီဆိုရင် CREATE NOW !
ဆိုတာကိုကလစ်ပေးပါ။
Sunday, 7 October 2012
၃၈ဖြာမင်္ဂလာ(၂၃)
( ၂၃ ) မိမိကိုယ်ကို နှိမ့်ချခြင်း
မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။
တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
တစ်ရံရောအခါ ဘောဂပြည်ဝယ် ဉာဏရာဇာမင်းကြီး မင်းပြုသည်။ ထိုမင်းသည်
ဉာဏ်ပညာနှင့် ပြည့်စုံသည်။ ပညာရှိ မှူးမတ်များလည်း ပေါများသည်။
မင်းကြီးတွင် ဗလနှင့် သောမ အမည်ရှိသော သားတော်နှစ်ပါး ရှိသည်။
သားတော်ကြီး ဗလသည် စိတ်ထားမကောင်း၊ မာန်မာနကြီး၏။
ပင်စိမ်းရွက်၏ ဆေးဖက်ဝင်အစွမ်း
ပင်စိမ်းရွက်မှာ ရောဂါကာကွယ်နိုင်စွမ်းနဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့
အစွမ်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသိအမှတ်ပြုထားကြတာပါ။
ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်
ပင်စိမ်းရွက်မှာ eugenol, citronellol, linalool,
citral, limonene နဲ့ terpineol ဆိုတဲ့ ကျန်းမာရေးအကျိုးပြု မရှိမဖြစ်ဆီတွေ ပါဝင်ပါတယ်။
ဒီဓာတ်ပေါင်းတွေက ရောင်ရမ်းမှုကျစေတဲ့ အစွမ်းနဲ့ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ
ရှိကြပါတယ်။ ပင်စိမ်းမှာပါတဲ့ ယူဂျီနော (Eugenol) ဟာ အရိုးအဆစ်ရောင်နာ၊ ရူမတွိုက် အဆစ်ရောင်နာနဲ့
အူလမ်းကြောင်း ရောင်ရမ်းမှုတို့ကို လျော့ကျစေပါတယ်။
Team Viewer software နှင့် အသုံးပြုပုံ
Team Viewer လေးသုံးပြီးသူငယ်ချင်းအချင်းချင်းစက်တွေထဲဝင်ကြည့်၊ အခက်အခဲလေးတွေရှိရင်ကူညီတာမျိုးလေးတွေလုပ်ရအောင်...
Team Viewer software လေးကိုတော့ ဒီမှာ ဒေါင်းပါခင်ဗျာ...
Friday, 5 October 2012
၃၈ဖြာမင်္ဂလာ(၂၂)
( ၂၂ ) ရိုသေထိုက်သူကို ရိုသေခြင်း
ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်းသည် မင်္ဂလာတစ်ပါး
ဖြစ်သည်။တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
တစ်ရံရောအခါ ဟိမ၀န္တာတောရှိ ညောင်ပင်ကြီးတစ်ပင်ကို အမှီပြုလျက်
ခါ-မျောက်နှင့်-ဆင်တို့ နေထိုင်ကြသည်။ သူတို့သည် အဆွေခင်ပွန်းများ ဖြစ်ကြသည်။ သို့ရာတွင်
တစ်ဦးကိုတစ်ဦး ရိုသေခြင်း မရှိကြပေ။ တစ်နေ့သ၌ အဆွေခင်ပွန်း ၃-ဦးသည် ဆွေးနွေးတိုင်ပင်ကြ၏။
ယခု ငါတို့ ၃-ဦး ဆက်ဆံနေထိုင်ပုံမှာ မသင့်။ တစ်ဦးကိုတစ်ဦး ရိုသေခြင်းမရှိ၊ အဆုံးအမပြုခြင်းမရှိ၊
အသက်ကြီးသူကို ရိုသေလျက် ထိုသူ၏အဆုံးအမကို ခံယူနေထိုင်ကြလျှင် မသင့်ပါလော-ဟူ၍ အကြံအစည်
ဖြစ်ကြသည်။ နောက်ဆုံးတွင် ထိုအကြံအစည်အတိုင်း ပြုမူနေထိုင်ရန် အသက်ကြီးသူကို စိစစ်ကြသည်။
Microsoft Security Essentials
ကျွန်တော့်စက်မှာရှိတဲ့တစ်ခုတည်းသော Anti Virus software လေးပါ...
ဘာ Key မှလည်းမလိုတဲ့ free software လေးဖြစ်ပါတယ်...
ဘာ Key မှလည်းမလိုတဲ့ free software လေးဖြစ်ပါတယ်...
တစ်ခြား Anti Virus တွေလိုစက်ကိုလေးလဲမလေးစေပဲတကယ်ထိရောက်တဲ့
software လေးပါ...viruses, spyware နဲ့ တစ်ခြားသော malicious softwareလေးတွေကို
ကာကွယ်ပေးပါတယ်...install လုပ်ရတာလဲလွယ်ကူပြီးအလွယ်တကူ update လုပ်နိုင်ပါတယ်...
Wednesday, 3 October 2012
၃၈ဖြာမင်္ဂလာ(၂၁)
( ၂၁ ) ကုသိုလ်တရား၌ မမေ့မလျော့ခြင်း
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။
တစ်ရံရောအခါ ကလိင်္ဂတိုင်း ဒန္တပုရမြို့၌ ကရဏ္ဍမင်း အုပ်စိုး၏။
တစ်နေ့သ၌ ထိုမင်းသည် အခြံအရံတို့နှင့်အတူ ဥယျာဉ်တော်သို့ သွားသည်။ ရောက်သောအခါ ဥယျာဉ်တံခါးဝတွင်
သရက်သီးမှည့်များ အပြွတ်လိုက် သီးနေသော သရက်ပင်ကို မြင်သည်။ မင်းသည် ဆင်ပေါ်မှပင်နေလျက်
သရက်သီးတစ်ခိုင်ကို လှမ်း၍ ဆွတ်ယူသည်။ ထို့နောက် ကျောက်ဖျာထက်တွင် ထိုင်၍သုံးဆောင်သည်။
Run Box အခြေခံအသုံးပြုနည်း
မသိသေးသောသူများအတွက်ရည်ရွယ်ပါတယ်ခင်ဗျာ...
ပုံလေးတွေကိုသေချာမမြင်ရရင်ပုံပေါ်မှာ click ထောက်ပြီးကြည့်နိုင်ပါတယ်...
Window 7 မှာ Run Box လေးကိုဖေါ်ပြီး
စက်ကိုလေးစေတဲ့ recent, temp,
%temp%, prefetch စတာတွေကိုရှင်းထုတ်ရအောင်…
ပထမဆုံးအောက်ကပုံလို Start icon လေးကနေဝင်ကြည့်လိုက်ရင်
မျှားပြထားတဲ့နေရာလေးမှာ Run ဆိုပြီးရှိနေမှာမဟုတ်ပါဘူး…
အဲဒါလေးကိုအရင်ဖေါ်ရအောင်…
Tuesday, 2 October 2012
Androidပေါ်မှလက်တွေ့အသုံးချနည်းပညာ
ကျွန်တော့်ဆိုဒ်မှာဖုန်းနဲ့ဆိုင်တဲ့နည်းပညာလေးတွေ
မတင်ဖြစ်သေးလို့ပထမဆုံး
Android ပေါ်မှလက်တွေ့အသုံးချနည်းပညာ
စာအုပ်လေးအရင်စမ်းတင်ကြည့်လိုက်ပါတယ်...
pyae phyo (ပြည်)ဆီကနေမလာတာပါခင်ဗျာ...
Monday, 1 October 2012
၃၈ဖြာမင်္ဂလာ(၂၀)
( ၂၀ ) သေရည်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
သေရည်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်
ဖြစ်သည်။
ရှေးသရောအခါ ဗာရာဏသီပြည်တွင် အလွန်ကြွယ်ဝချမ်းသာသော သူဌေးတစ်ဦးရှိသည်။
သူဌေးကြီးသည် ကြွယ်ဝချမ်းသာသည်နှင့်အမျှ ကုသိုလ်ကောင်းမှုတို့ကိုလည်း အထူးပြုသည်။ ထို့ကြောင့်
ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ သိကြားမင်း သွားဖြစ်သည်။
သူဌေးကြီးတွင် သားတစ်ယောက်တည်းသာ ရှိသည်။ အမွေပစ္စည်းတို့ကို
ထိုသားတစ်ဦးတည်းသာ ရရှိသည်။ သူဌေးသားကား မလိမ္မာ၊ မိုက်မဲသူ ဖြစ်သည်။ ထို့ကြောင့် ဥစ္စာတို့ကို
အကျိုးရှိအောင် မသုံး၊ အမျိုးမျိုး ဖြုန်းတီးပစ်၏။