Team Viewer လေးသုံးပြီးသူငယ်ချင်းအချင်းချင်းစက်တွေထဲဝင်ကြည့်၊ အခက်အခဲလေးတွေရှိရင်ကူညီတာမျိုးလေးတွေလုပ်ရအောင်...
Team Viewer software လေးကိုတော့ ဒီမှာ ဒေါင်းပါခင်ဗျာ...
အောက်ကပုံမှာပြထားသလို Team Viewer လေးကိုဖွင့်လိုက်ရင်
စမြင်ရမယ့်ပုံလေးကို ပထမဆုံးရှင်းပြပေးပါမယ်...
နံပါတ် 1 နဲ့ 2 ကကိုယ့်စက်မှာတင်ထားတဲ့ Team Viewer လေးရဲ့ ID နံပါတ်လေးနဲ့ Password လေးပါ...
ကိုယ့်စက်ကိုတစ်ခြားသူကိုတစ်ယောက်အား Control လုပ်ခိုင်းစေချင်ရင် ကိုယ့်ရဲ့ ID လေးနဲ့ Password လေးကိုပေးပြီးချိတ်ခိုင်းပါ...နှစ်ဘက်လုံးက Team Viewer လေးတွေက Version တူရပါတယ်...
Team Viewer လေးကို တစ်ခါ install လုပ်ပြီးသွားရင် ဖွင့်လိုက်တိုင်း Password ကပြောင်းပေမယ့် Your ID ဆိုတဲ့နံပါတ်၉လုံးကတော့ပြောင်းမသွားပါဘူးခင်ဗျာ...
ဒီပုံလေးကသူများစက်ကို Control လုပ်ချင်ရင် ID ကိုတောင်းပြီးချိတ်တဲ့ပုံပေါ့...1 မှာချိတ်မယ့်စက်ရဲ့ Team Viewer ID ကိုရိုက်ထည့်ထားတာဖြစ်ပါတယ်...ပြီးရင် 2 ကိုနှိပ်တယ်...
အထက်ပါအတိုင်းလုပ်ပြီးသွားရင်အောက်ကလို Box လေးတစ်ခုပေါ်လာပါလိမ့်မယ်...
နံပါတ် 1 မှာ ချိတ်မယ့်စက်ရဲ့Team Viewer Password လေးကိုထပ်တောင်းပြီးရိုက်ထည့်ပါ...ပြီးရင် နံပါတ် 2 က Log On ကိုဆက်နှိပ်လိုက်ရင်...
အောက်ကပုံလေးလိုသူများစက်ထဲကို ကိုယ့်စက်ကနေ Control လုပ်လို့ရပါပြီခင်ဗျာ...
နှစ်ဘက်လုံးက Internet Connection လဲရှိရပါတယ်...
(ပြောဖို့မေ့သွားလို့... :P)
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ...
No comments:
Post a Comment